ခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်မည်

ဗြိတိသျှသံရုံးရဲ့ အစီအစဉ်တစ်ခု ဖြစ်တဲ့ တက်ကြွလှုပ်ရှားနိုင်ငံသားအစီအစဉ် (Active Citizens) နဲ့ Future Leaders Society တို့ ပူးပေါင်းကာ ခေါင်းဆောင်မှုစွမ်းရည်မြှင့် သင်တန်းတွေကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

မြန်မာပြည်အနှံ့ရှိ လူငယ်များ၊ တက္ကသိုလ်ကျောင်းသားများအတွက် လူငယ်တစ်ဦးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသေးစိတ် ဆွေးနွေးသွားမှာ ဖြစ်ပြီး မြို့နယ်အသီးသီးမှ တက္ကသိုလ်ကျောင်းသားတွေနဲ့ ချိတ်ဆက်နိုင်မယ့် အခွင့်အရေးကိုလည်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ အစီအစဉ်ကို ဇန်နဝါရီ ၅၊ ၇၊ ၉၊ ၁၁၊ ၁၄၊ ၁၆ ရက် များတွင်ဖြစ်စေ၊ ၆၊ ၈၊ ၁၀၊ ၁၂၊ ၁၅၊ ၁၇ ရက် များတွင် ဖြစ်စေ ညနေ ၆ နာရီမှ ၈ နာရီအထိ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးသင်ကြားသွားမှာ ဖြစ်ပြီး နှစ်သက်ရာ သင်တန်းချိန် တစ်ခုကို ရွေးချယ်ကာ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

သင်တန်းပြီးမြောက်ပါက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ၂၃ ရက်မှာ အဖွဲ့လိုက်ရလဒ်စီမံကိန်း တစ်ခုကို ဟောပြောခွင့်ရရှိမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူတွေကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မှာ နောက်ဆုံးထား ကြေညာသွားမှာဖြစ်ပါတယ်။ တက်ရောက်မယ့်သူတွေဟာ မိရွေးချယ်တဲ့ တန်းခွဲကို အပြည့်အဝ တက်ရောက်ရမှာဖြစ်ပြီး အချိန်မှန်၊ အတန်းမှန် တက်ရောက်သူတိုင်းကို အတန်းပြီးမြောက်တဲ့အခါ ပြီးမြောက်ကြောင်း ဂုဏ်ပြုလက်မှတ်နဲ့အတူ အင်တာနက်ကြေးအဖြစ် ဖုန်းဘီလ် ၁၅,၀၀၀ ကျပ်ကို ပေးအပ်သွားမှာ ဖြစ်ပါတင်္ယ။

သင်တန်းတက်ရောက်သူတွေဟာ မိမိကိုယ်ကို သိရှိနားလည်လာခြင်း၊ အခြားသူတွေနဲ့ ဆက်ဆံရေး ပိုမိုပြေပြစ်လာခြင်း၊ ခေါင်းဆောင်တစ်ဦးကဲ့သို့ ထိရောက်တဲ့ တာဝန်ယူစိတ်ရှိလာခြင်း၊ အနယ်နယ်အရပ်ရပ်မှ တက္ကသိုလ်ကျောင်းသား/သူများနှင့် ရင်းနှီးမှုရရှိခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှု အကြောင်းများ သိရှိလာခြင်း၊ အနာဂတ်ခေါင်းဆောင်အဖွဲ့ရဲ့ အထူးအဖွဲ့ဝင် ဖြစ်ခွင့်ရှိခြင်း အစရှိတဲ့ အခွင့်အရေးတွေကို ရရှိမှာဖြစ်ပါတယ်။

ပါဝင်လိုသူတွေ အနေနဲ့ https://forms.gle/7hF7e1jzsbbTdZKA9 မှာစာရင်းပေးသွင်းနိုင်ပါတယ်။

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««