ခေါက်လို့ရတဲ့ iPhone မျက်နှာပြင်ကို Apple စမ်းသပ်နေ

Apple ဟာ ခေါက်စမတ်ဖုန်းတစ်မျိုးကို လုပ်ကိုင်နေပြီး ရှေ့ပြေးပုံစံ ထုတ်ထားတယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။ Apple ရဲ့ iPhone ခေါက်စမတ်ဖုန်း အပြီးသတ်ထုတ်ကုန် ဖြစ်ဖို့ နှစ်တွေ အများကြီး လိုပါသေးတယ်။ Apple ဟာ ခေါက်စမတ်ဖုန်း display ကိုပဲ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Apple ခေါက်စမတ်ဖုန်း display ကတော့ Samsung, Motorola မျက်နှာပြင်တွေနဲ့ ဆင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။ Apple ဟာ iPhone 12 Pro Max အရွယ်ဖုန်းမှာ ခေါက်ထားတဲ့ မျက်နှာပြင်ကို ဖြန့်နိုင်ဖို့ မမြင်နိုင်တဲ့ ပတ္တာအသုံးပြုမယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။ Bloomberg သတင်းထဲမှာတော့ Apple ဟာ iPhone ခေါက်စမတ်ဖုန်းအတွက် မျက်နှာပြင်အရွယ် အမျိုးမျိုး အကြောင်း ရေးသားထားပါသေးတယ်။

-စိုးထက်
Ref: TheVerge

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««