ခေတ်ရှေ့ပြေး နည်းပညာ gadget (၁၀) ခု

နည်းပညာအသစ်တွေက လူတွေအံ့အားသင့်အောင် လုပ်နိုင်ပါတယ်။ ပျံသန်းနိုင်တဲ့ ဝတ်စုံ ဒါမှမဟုတ် VR ပြေးစက်လိုမျိုး နည်းပညာတွေကလည်း အံ့အားသင့်စရာ ကောင်းသလို ဘဝနေထိုင်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီနှစ်အတွင်းမှာ မိတ်ဆက်လိုက်တဲ့ နည်းပညာအသစ်တွေက စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

BMW လျှပ်စစ် Wingsuit

BMW ရဲ့ လျှပ်စစ် Wingsuit က လူကိုယ်တိုင် ပျံသန်းမယ့် အိပ်မက်ကို အကောင်အထည် ဖော်ပေးနိုင်ပါမယ်။ အခု concept ထုတ်ကုန်ဟာ ကျစ်လျစ်ပေါ့ပါးပြီး ကောင်းကင်မှာ တစ်နာရီ ၁၈၆ မိုင်အထိ ပျံသန်းနိုင်ပါတယ်။ လျှပ်စစ် wingsuit မှာ BMW နည်းပညာနဲ့ စွမ်းအင်အတွက် ရင်ဘတ်မှာ စက်ပစ္စည်းတစ်ခု ထည့်ထားပါတယ်။ ဝတ်စုံကို ထိန်းကျောင်းတဲ့ ပန်ကာ တစ်မိနစ် ၂၅,၀၀၀ လည်နိုင်ပြီး ၅ မိနစ်အထိ လေပေါ်ကန်အား ထည့်ပေးထားပါတယ်။

Open Bionics x Konami Venom Hero Bionic Arm

Open Bionics x Konami Venom Hero Bionic Arm အမည်ရ နည်းပညာပစ္စည်းက လက်အစားထိုး ဖြတ်တောက်ကုသနိုင်ပြီး လူသားတွေရဲ့ ဘဝကို ပြောင်းလဲပေးနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေနဲ့ ကလေးတွေရဲ့ လက်ကို အစားထိုး ကုသပေးနိုင်ပါတယ်။ လက်အတုကိုတော့ Venom Snake က ဒီဇိုင်းထုတ်ထားပါတယ်။

Virtuix Omni One VR ပြေးစက်

Virtuix Omni One VR ပြေးစက်က ၃၆၀ ဒီဂရီ ပတ်ပတ်လည် လှုပ်ရှားနိုင်ပါတယ်။ စက်က ဒူးကွေးတာ ဒါမှမဟုတ် ဒူးဆန့်တာ ခြေရာခံပေးနိုင်ပါတယ်။ Virtuix Omni စက်ပတ်ပတ်လည်က အကျယ်အဝန်းက ၄ ပေပတ်လည်ပဲ ရှိပါတယ်။

Microsoft အလိုအလျောက် စက်ရုပ်များ

Azure Cloud နဲ့ချိတ်ဆက်ထားတဲ့ Microsoft အလိုအလျောက်စက်ရုပ် အနာဂတ်ကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Azure Cloud ပလက်ဖောင်းနဲ့ ချိတ်ဆက်ထားပြီး အချိန်နဲ့တစ်ပြေးညီ တုံ့ပြန်နိုင်ပါတယ်။ AI အသုံးပြုထားပြီး software မျိုးစုံကြောင့် ဆာဗာမလိုပါဘူး။ စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ platform တွေမှာ ဝေမျှ၊ သိမ်းဆည်း၊ အလုပ်လုပ်ကာ ချိတ်ဆက်နိုင်ပါတယ်။

Ellie Tsang Hello From The Weather Temperature Machine

အခု ထုတ်ကုန်ကတော့ ထူးခြားပြီး အိမ်ပြင်ပက ရာသီဥတုမျိုးကို ပြန်လည် ဖန်တီးပေးပါမယ်။ အခု concept ထုတ်ကုန်မှာ ရာသီဥတုညွှန်းကိန်း ပါဝင်ပြီး ပြင်က အပူချိန်အတိုင်း တစ်သမတ်တည်း ဖန်တီးပေးပါမယ်။

အင်းဆက်အရွယ်ပဲ ရှိတဲ့ မိုက်ကရိုဘော့

ဒီစက်ရုပ်ကတော့ အယ်လ်ကိုဟောတစ်မျိုး ဖြစ်တဲ့ မက်သနောကို ထည့်သွင်းပေးရပါမယ်။ အင်းဆက်အရွယ် မိုက်ကရိုဘော့ဟာ ဘက်ထရီနဲ့နှိုင်းယှဉ်ရင် မက်သနောကြောင့် စွမ်းအင်တာရှည်ခံပါတယ်။ စက်ရုပ်ရဲ့ သွားလာလှုပ်ရှားပုံကလည်း အင်းဆက်နဲ့ ဆင်ပါတယ်။

Sony Spatial Reality Display

Sony Spatial Reality Display ကတော့ ဆန်းသစ်တီထွင်မှုရှိတဲ့ gadget ပါပဲ။ ကိုယ်ကြည့်ရှုတဲ့ အရာဝတ္ထုကို သုံးဘက်မြင်ပုံရိပ် အဖြစ် ထောက်ပံ့ပေးပါတယ်။ 3D display မှာလည်း eye-sensing နည်းပညာ ပါဝင်လာပါတယ်။ ဒါကြောင့် မျက်လုံးကြည့်တဲ့အခါ 3D ရုပ်ပုံကို ချိန်ညှိဖို့ ပေးနိုင်ပါတယ်။

Handjet EBS-260 လက်ကိုင်ပရင်တာ

Handjet EBS-260 လက်ကိုင်ပရင်တာဟာ သစ်သား၊ ဘိလပ်မြေ၊ သစ်လုံး၊ ပလတ်စတစ်နဲ့ အရာဝတ္ထုတွေများစွာမှာ လိုချင်တဲ့စာသား ရိုက်နှိပ်လို့ရပါတယ်။

Reevo Hubless eBike

Reevo Hubless eBike စက်ဘီးမှာ အခိုးခံရတာကို စနစ် ၃ မျိုးနဲ့ ကာကွယ်ပေးပါတယ်။ ကာကွယ်တဲ့နည်းလမ်းတွေထဲမှာ biometric စနစ်သုံးတာ၊ လျှပ်စစ်သော့ခလောက်ထည့်တာ၊ အခိုးခံရရင် သတိပေးတာနဲ့ GPS ခြေရာခံမှုတို့ ပါဝင်လာပါတယ်။ လျှပ်စစ်စက်ဘီး Reevo ဘက်ထရီကို အလွယ်တကူ တပ်နိုင်၊ ဖြုတ်နိုင်တဲ့အတွက် ဘက်ထရီကို အလွယ်တကူ လဲနိုင်ပါတယ်။

Nike Air Jordan XI Adapt Jumpman ရှူးဖိနပ်

Nike Air Jordan XI Adapt Jumpman ရှူးဖိနပ်မှာတော့ ပါဝါကြိုးနည်းပညာကို အသုံးပြုထားပါတယ်။ အဲဒီ နည်းပညာကတော့ ဖိနပ်ကြိုးကို အလိုအလျောက် စည်းပေးတာ ဖြစ်ပါတယ်။

-စိုးထက်
Ref: TheGadgetFlow

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««