ခရီးသြားလုပ္ငန္းဆုိင္ရာ အခ်က္အလက္မ်ား ေဖာ္ျပေပးမည့္ Tourism Web Portal စတင္လႊင့္တင္

[ Zawgyi ]

ခရီးသြားလုပ္ငန္းဆုိင္ရာ အခ်က္အလက္ေတြ ေဖာ္ျပေပးမယ့္ Tourism Web Portal ျဖစ္တဲ့ www.tourisminmyanmar.com.mm ကို ဇူလုိင္ ၃၁ ရက္မွ စတင္ကာ လႊင့္တင္လုိက္တယ္လို႔ သိရပါတယ္။

အဆိုပါ Web Portal မွာ ျမန္မာႏိုင္ငံရဲ႕ ခရီးစဥ္ေဒသဆိုင္ရာ ဆြဲေဆာင္မႈမ်ား၊ ျမန္မာႏိုင္ငံမွာ ရရွိ ခံစားႏိုင္မယ့္ အေတြ႕အႀကံဳမ်ား၊ ျမန္မာႏိုင္ငံသို႔ လာေရာက္ လည္ပတ္လုိပါက သိရွိသင့္တဲ့ အခ်က္အလက္မ်ားအျပင္ ျမန္မာႏုိင္ငံရဲ႕ ၁၂ လရာသီပြဲေတာ္ေတြကုိပါ ထည့္သြင္းေပးထားပါတယ္။ ဒါ့အျပင္ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းက႑မွာ လုပ္ကိုင္လ်က္ရွိတဲ့ ခြင့္ျပဳလိုင္စင္ရရွိၿပီးတဲ့ ဟိုတယ္မ်ား၊ တည္းခိုရိပ္သာမ်ား၊ ခရီးသြားကုမၸဏီမ်ား၊ ဧည့္လမ္းညႊန္မ်ား အေနနဲ႔လည္း Register ျပဳလုပ္ကာ ကုိယ္ပုိင္ Page မ်ား ဖြင့္လွစ္ႏုိင္မွာျဖစ္တယ္လို႔ သိရပါတယ္။

ဟိုတယ္ႏွင့္ခရီးသြားလာေရး၀န္ႀကီးဌာန အေနနဲ႔ ခရီးသြားလုပ္ငန္းဆုိင္ရာ တိက်မွန္ကန္တဲ့ သတင္းအခ်က္အလက္လုပ္ငန္းဆုိင္ရာနဲ႔ ပတ္သက္ၿပီး တိက်မွန္ကန္တဲ့ သတင္းအခ်က္အလက္မ်ားကို ျဖန္႔ေ၀ေပးရန္ ရည္ရြယ္ခ်က္နဲ႔ ယခုလုိ လႊင့္တင္ရျခင္းျဖစ္တယ္လို႔ သိရပါတယ္။

-သႏၲာ

[ Unicode ]

ခရီးသွားလုပ်ငန်းဆိုင်ရာအချက်အလက်တွေ ဖော်ပြပေးမယ့် Tourism Web Portal ဖြစ်တဲ့ www.tourisminmyanmar.com.mm ကို ဇူလိုင် ၃၁ ရက်မှ စတင်ကာ လွှင့်တင်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ Web Portal မှာ မြန်မာနိုင်ငံရဲ့ ခရီးစဉ်ဒေသဆိုင်ရာ ဆွဲဆောင်မှုများ၊ မြန်မာနိုင်ငံမှာ ရရှိ ခံစားနိုင်မယ့် အတွေ့အကြုံများ၊ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်လိုပါက သိရှိသင့်တဲ့ အချက်အလက်များအပြင် မြန်မာနိုင်ငံရဲ့ ၁၂ လရာသီပွဲတော်တွေကိုပါ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှာ လုပ်ကိုင်လျက်ရှိတဲ့ ခွင့်ပြုလိုင်စင်ရရှိပြီးတဲ့ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များ အနေနဲ့လည်း Register ပြုလုပ်ကာ ကိုယ်ပိုင် Page များ ဖွင့်လှစ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနေနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်လုပ်ငန်းဆိုင်ရာနဲ့ ပတ်သက်ပြီး တိကျမှန်ကန်တဲ့ သတင်းအချက်အလက်များကို ဖြန့်ဝေပေးရန် ရည်ရွယ်ချက်နဲ့ ယခုလို လွှင့်တင်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။