ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕ ‘Forza Juve’ ပို႔စ္က Instagram ရဲ႕ ပဥၥမေျမာက္ Like အမ်ားဆံုးရတဲ့ပို႔စ္ ျဖစ္လာ

[ Zawgyi ]

ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕ ‘Forza Juve’ ပို႔စ္ဟာ Instagram app သမိုင္းတစ္ေလွ်ာက္မွာ ပဥၥမေျမာက္ Like အမ်ားဆံုးရရိွတဲ့ပို႔စ္ ျဖစ္လာခဲ့ပါတယ္။

ရီးယဲမက္ဒရစ္ကေန ဂ်ဴဗင္တပ္စ္ကို အံ့အားသင့္ဖြယ္ ေျပာင္းေရႊ႕ခဲ့တဲ့ေနာက္ ေရာ္နယ္ဒိုဟာ အနက္နဲ႔ အျဖဴစင္းၾကား ေနာက္ခံနဲ႔ ႐ိုက္ကူးထားတဲ့ ဓာတ္ပံုမွာ ‘Forza Juve’ လို႔ေရးၿပီး Instagram ေပၚ တင္ခဲ့ပါတယ္။

အဲ့ဒီပို႔စ္ဟာ Like အေရအတြက္ ၁၁.၄ သန္း ရရိွခဲ့ပါတယ္။

သူက Instagram ရဲ႕ စတုတၳေျမာက္ Like အမ်ားဆံုးပို႔စ္ ေနရာကိုလည္း ပိုင္ဆုိင္ထားပါတယ္။

အဲ့ဒီ ပို႔စ္ကေတာ့ ေရာ္နယ္ဒိုက သူ႔သမီး ေမြးဖြားတဲ့အေၾကာင္းကို တင္ခဲ့တာျဖစ္ၿပီး Like အေရအတြက္ ၁၁.၅ သန္းရရိွခဲ့ပါတယ္။

တတိယေနရာမွာေတာ့ Justin Bieber ရပ္တည္ေနၿပီး ထိပ္ဆံုးႏွစ္ေနရာကိုေတာ့ Kylie Jenner က ပိုင္ဆိုင္ထားပါတယ္။

ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္မွာ အသင္းေဖာ္သစ္ေတြနဲ႔ မေတြ႕ဆံုခင္ ဂရိမွာ မိသားစုနဲ႔အတူ အခ်ိန္ကုန္ဆံုးခဲ့ပါတယ္။

ဒါ့အျပင္ အသက္ ၃၃ ႏွစ္အရြယ္ ကစားသမားဟာ ဟိုတယ္ဝန္ထမ္းေတြကိုလည္း ေပါင္ ၁၇,၈၅၀ ကို ေဘာက္ဆူးအျဖစ္ ေပးခဲ့ပါတယ္။

ေပၚတူဂီလက္ေရြးစင္ ကစားသမားဟာ ရာသီသစ္မွာ ဂ်ဴဗင္တပ္စ္အတြက္ နံပါတ္ ၇ ဂ်ာစီကို ဝတ္ဆင္မွာျဖစ္ပါတယ္။ သူ႔ရဲ႕ဂ်ာစီ ေရာင္းခ်မႈဟာ အသင္းအတြက္ မိတ္ဆက္ခဲ့တဲ့ ပထမေန႔မွာတင္ အေရအတြက္ ၅၂၀,၀၀၀ ရိွခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္ဟာ ၂၀၁၆-၁၇ ေဘာလံုးရာသီတစ္ခုလံုးမွာ ဂ်ာစီ ၈၅၀,၀၀၀ သာ ေရာင္းခ်ခဲ့ရပါတယ္။

Ref: SportBible

[ Unicode ]

ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ‘Forza Juve’ ပို့စ်ဟာ Instagram app သမိုင်းတစ်လျှောက်မှာ ပဥ္စမမြောက် Like အများဆုံးရရှိတဲ့ပို့စ် ဖြစ်လာခဲ့ပါတယ်။

ရီးယဲမက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့တဲ့နောက် ရော်နယ်ဒိုဟာ အနက်နဲ့ အဖြူစင်းကြား နောက်ခံနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာ ‘Forza Juve’ လို့ရေးပြီး Instagram ပေါ် တင်ခဲ့ပါတယ်။

အဲ့ဒီပို့စ်ဟာ Like အရေအတွက် ၁၁.၄ သန်း ရရှိခဲ့ပါတယ်။

သူက Instagram ရဲ့ စတုတ္ထမြောက် Like အများဆုံးပို့စ် နေရာကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အဲ့ဒီ ပို့စ်ကတော့ ရော်နယ်ဒိုက သူ့သမီး မွေးဖွားတဲ့အကြောင်းကို တင်ခဲ့တာဖြစ်ပြီး Like အရေအတွက် ၁၁.၅ သန်းရရှိခဲ့ပါတယ်။

တတိယနေရာမှာတော့ Justin Bieber ရပ်တည်နေပြီး ထိပ်ဆုံးနှစ်နေရာကိုတော့ Kylie Jenner က ပိုင်ဆိုင်ထားပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်မှာ အသင်းဖော်သစ်တွေနဲ့ မတွေ့ဆုံခင် ဂရိမှာ မိသားစုနဲ့အတူ အချိန်ကုန်ဆုံးခဲ့ပါတယ်။

ဒါ့အပြင် အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ ဟိုတယ်ဝန်ထမ်းတွေကိုလည်း ပေါင် ၁၇,၈၅၀ ကို ဘောက်ဆူးအဖြစ် ပေးခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင် ကစားသမားဟာ ရာသီသစ်မှာ ဂျူဗင်တပ်စ်အတွက် နံပါတ် ရ ဂျာစီကို ဝတ်ဆင်မှာဖြစ်ပါတယ်။ သူ့ရဲ့ဂျာစီ ရောင်းချမှုဟာ အသင်းအတွက် မိတ်ဆက်ခဲ့တဲ့ ပထမနေ့မှာတင် အရေအတွက် ၅၂၀,၀၀၀ ရှိခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ ၂၀၁၆-၁၇ ဘောလုံးရာသီတစ်ခုလုံးမှာ ဂျာစီ ၈၅၀,၀၀၀ သာ ရောင်းချခဲ့ရပါတယ်။

Ref: SportBible