ခင့်ကမ္ဘာပေါ်တယ်ဝန်ဆောင်မှုကို မိတ်ဆက်
[ Zawgyi ]
[ Unicode ]
အမျိုးသမီးများအတွက် ဗဟုသုတနဲ့ ရသမျိုးစုံကို ပံ့ပိုးနိုင်ဖို့ စီစဉ်ထားတဲ့ ခင့်ကမ္ဘာပေါ်တယ် ဝန်ဆောင်မှုကို MPT က ယနေ့ မိတ်ဆက်လိုက်ပါတယ်။
ဒီဝန်ဆောင်မှုမှာ အမျိုးသမီးတွေအတွက် အဓိက ရည်ရွယ်ထားတဲ့ သတင်းအချက်အလက်တွေကို မြန်မာ ဘာသာနဲ့ ဖတ်ရှုနိုင်ပြီး အသက်အရွယ် အပိုင်းအခြား အားလုံးအပေါ် အထောက်အကူပြုနိုင်မယ့့် ဗဟုသုတနဲ့ ရသမျိုးစုံကိုလေ့လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ လိပ်စာက http://khintkabar.com ဖြစ်ပြီး MPT နဲ့ CSS Technology ကုမ္ပဏီတို့ လက်တွဲ ဆောင်ရွက်ထားတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
ခင့်ကမ္ဘာပေါ်တယ်ဝန်ဆောင်မှုကို MPT သုံးစွဲသူများအတွက် သီးသန့်စီစဉ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ ဝန်ဆောင်မှုတွင် ကဏ္ဍ (၈) ခု ဖြစ်တဲ့ ဆောင်းပါးများ၊ ပျော်စရာ၊ ပရိုမိုးရှင်းများ၊ အချက်အပြုတ်၊ DIY ၊ ဖက်ရှင်၊ အထွေထွေဗဟုသုတနဲ့ သီချင်းများ စတာတွေ ပါ၀င်ပြီး တစ်ရက် ၉၉ ကျပ်နှုန်းနဲ့ ရယူ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ခင့်ကမ္ဘာပေါ်တယ် ဝန်ဆောင်မှုကို ရယူလိုပါက 8440 သို့ “ON” ဟု စာတို (SMS) ပေးပို့ခြင်း (သို့မဟုတ်) http://khintkabar.com (သို့မဟုတ်) https://lotaya.mpt.com.mm/event/232 မှတစ်ဆင့် ဝင်ရောက်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။