
Twitter ဟာ လာမယ့်လအတွင်း inactive account တွေဖယ်ရှားမယ့် အစီအစဉ်ကို ထုတ်ပြန်ခဲ့ပြီးနောက် အစီအစဉ်အသေးစိတ်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ပထမဆုံး ကုမ္ပဏီအနေနဲ့ အီးယူနိုင်ငံတွေက Twitter account တွေအပေါ် သက်ရောက်မှုရှိမယ်လို့ ပြောခဲ့တယ်။
ဒါပေမဲ့ နိုဝင်ဘာ ၂၆ ရက်မှာတော့ အရေးကြီးသတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ Twitter အနေနဲ့ ကွယ်လွန်သူတွေရဲ့ account ကိုထိန်းသိမ်းမယ့်နည်းလမ်းကို ရှာဖွေဖို့ account ဖျက်သိမ်းမယ့် အစီအစဉ်ကို ခေတ္တခဏ ရပ်တန့်လိုက်ပါတယ်။
ကွယ်လွန်သူတွေရဲ့ account တွေအပေါ် သက်ရောက်နိုင်တာကြောင့် အဲဒီ account တွေအတွက် အမှတ်ရစေမယ့် နည်းလမ်းမရှိမချင်း inactive account တွေကို ဖျက်သိမ်းမှာ မဟုတ်ဘူးလို့ Twitter က ထုတ်ပြန်ခဲ့ပါတယ်။ Twitter ဟာ နိုဝင်ဘာ ၂၆ ရက် (အင်္ဂါနေ့) က သုံးစွဲသူတွေဆီ ပေးပို့တဲ့ အီးမေးလ်မှာ ဒီဇင်ဘာ ၁၁ ရက်အထိ log in မဝင်ထားတဲ့ account တွေကို ဖယ်ရှားမယ်လို့ ရေးသားထားပါတယ်။ အခုဆိုရင် Twitter ဟာအစီအစဉ်ကို ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။
Clarifying all the confusion we caused 👇🏽 https://t.co/NirJTl7QEM
— jack 🌍🌏🌎 (@jack) November 27, 2019
Facebook ဟာ account ပိုင်ရှင်သေဆုံးပြီးနောက် အမှတ်တရဖြစ်စေဖို့ သုံးစွဲသူ account တွေကို ထိန်းသိမ်းမယ့်နည်းလမ်းကို ဖန်တီးခဲ့ပါတယ်။ Twitter မှာ အလားတူ လုပ်ဆောင်ချက် မရှိသေးပေမယ့် ဆောင်ရွက်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
Twitter အနေနဲ့ ကနဦး ကြေညာချက်ထုတ်ပြန်အပြီးမှာ လူများစွာ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင်၊ ကျော်ကြားသူနဲ့ အခြားသေဆုံးသွားတဲ့ ဩဇာရှိ Twitter သုံးစွဲသူရဲ့ account ဟောင်းတွေ ဆုံးရှုံးမှု ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ Twitter က inactive account ဖယ်ရှားမယ့် အစီအစဉ်ကို ရပ်တန့်လိုက်ပါတယ်။
စိုးထက်
Ref: TheVerge