ကွန်ပျူတာသုံးပြီး Android ဖုန်းထဲကို အက်ပလီကေးရှင်း ဘယ်လို Install လုပ်မလဲ

Android ဖုန်းထဲကို App တွေ Install လုပ်ထည့်သွင်းတာကို ဖုန်းကနေသွင်းမှာသာ ရနိုင်တာ မဟုတ်ပါဘူး။ အင်တာနက် အသုံးပြုနိုင်တဲ့ ကွန်ပျူတာကနေလည်း ဖုန်းထဲကို ထည့်သွင်းလိုတဲ့ ဂိမ်းနဲ့ အက်ပလီကေးရှင်းတွေကို အဝေးရောက်နည်းနဲ့ အလွယ်တကူ ထည့်သွင်းနိုင်ပါတယ်။ သင့်အနေနဲ့ သင့်ဖုန်းသာမကဘဲ အခြား မိသားစုဝင်တွေရဲ့ ဖုန်းထဲကို ဒီနည်းလမ်းသုံးပြီး လိုအပ်တဲ့ အက်ပလီကေးရှင်းနဲ့ ဂိမ်းတွေကို ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အဲလို ထည့်သွင်းဖို့အတွက် ကွန်ပျူတာမှာ အင်တာနက် ချိတ်ဆက်ထားဖို့ လိုအပ်မှာဖြစ်သလို အဝေးရောက် အနေနဲ့ အက်ပလီကေးရှင်း ထည့်သွင်းမယ့် ဖုန်းကလည်း အင်တာနက်ဖွင့်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အရင်ဆုံးကွန်ပျူတာရဲ့ Browser ကိုဖွင့်ပြီး Play Store ကို ဖွင့်လိုက်ပါ။

Play Store ထဲမှာ သင့်အနေနဲ့ ထည့်သွင်းလိုတဲ့ အက်ပလီကေးရှင်း သို့မဟုတ် ဂိမ်းကို ရှာပါ။

ပြီးရင်တော့ Install ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။

သင့်အနေနဲ့ Browser မှာ မေးလ်အကောင့် Sign in မလုပ်ထားရင် Play Store ကနေ Sign in လုပ်ပေးဖို့ တောင်းဆိုပါလိမ့်မယ်။ အီးမေးလ် Sign in လုပ်ပေးလိုက်ပါ။ (မှတ်ချက်။ Play Store မှာ sign in လုပ်ပေးရမယ့် အီးမေးလ်အကောင့်က သင့်အနေနဲ့ အဝေးကနေ Install လှမ်းလုပ်မယ့် ဖုန်းရဲ့ Play Store မှာ ထည့်သွင်းထားတဲ့ အီးမေးလ်အကောင့်နဲ့ တူရမှာ ဖြစ်ပါတယ်။)

အဲလို လုပ်ပေးလိုက်ရင်တော့ Play Store အတွက် သင် sign in လုပ်လိုက်တဲ့ အကောင့်ထည့်သွင်းထားတဲ့ ဖုန်းကို အောက်ကပုံအတိုင်း မြင်ရမှာ ဖြစ်ပြီး Continue ကို နှိပ်လိုက်တာနဲ့ သင်လက်ရှိ ရွေးချယ်ထားတဲ့ အက်ပလီကေးရှင်းကို အဝေးမှာရှိနေတဲ့ သင့်ဖုန်းထဲကို Install လုပ်ပေးမှာဖြစ်ပါတယ်။

Continue ကို နှိပ်ပြီးရင်တော့ အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး OK နှိပ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ကွန်ပျူတာကနေ အဝေးရောက်စနစ်နဲ့ ဖုန်းထဲကို အက်ပလီကေးရှင်း၊ ဂိမ်းထည့်သွင်းတာ ပြီးဆုံးပြီ ဖြစ်ပါတယ်။ သင့်အနေနဲ့ ကွန်ပျူတာကနေ Install လုပ်လိုက်တဲ့အချိန် ဖုန်းမှာ အင်တာနက်ဖွင့်ထားမယ် ဆိုရင် အောက်ကပုံအတိုင်း Installing ဆိုတဲ့ အသိပေးစာလေး ပေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ တကယ်လို့ မဖွင့်ထားမိရင်လည်း သင် အင်တာနက်ဖွင့်လိုက်တဲ့ အချိန်မှသာ Play Store ကနေ ဖုန်းထဲကို အက်ပလီကေးရှင်း Install လုပ်ပေးမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««