ကွန်ပျူတာမှာ Cyberpunk 2077 ဂိမ်းကို third-person ရှုထောင့်ကနေ ကစားနိုင်

ကွန်ပျူတာသမားတွေကတော့ Cyberpunk 2077 ဂိမ်းကို third-person ရှုထောင့်ကနေ ကစားနိုင်ပါပြီ။ PC Gamer ဖော်ပြချက်အရ Cyberpunk 2077 ဂိမ်းအတွက် third-person ရှုထောင့် ပြောင်းလဲထားတဲ့ ဖိုင်ကိုတော့ Nexus Mods မှာတင်ထားခဲ့ပါတယ်။

အခုလင့် https://www.nexusmods.com/cyberpunk2077/mods/669 မှာ သွားရောက် လေ့လာနိုင်ပါတယ်။ JB- TPP MOD WIP Third Person အမည်ရ mode ဟာ ဖန်တီးနေဆဲ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်းထဲမှာ ကစားသူမော်ဒယ် လှုပ်ရှားမှုက သဘာဝမကျဘဲ ဖြစ်နေပါလိမ့်မယ်။ ဒါ့အပြင် အထွေထွေအားနည်းချက်တွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။ အခု mod မှာတော့ မတူညီတဲ့ ကင်မရာရှုထောင့် ၄ မျိုးပါဝင်ပြီး B နှိပ်ပြီး ပြောင်းလို့ရပါတယ်။ Night City မှာ ပိုမိုကျယ်ပြန့်တဲ့ lens နဲ့ ကြည့်တဲ့အခါ အသုံးဝင်လာပါမယ်။

အခု TPP mode ကို install လုပ်ဖို့ https://www.nexusmods.com/cyberpunk2077/mods/107Cyber Engine Tweaks စွမ်းဆောင်ရည်ချိန်ညှိမှု mod လိုပါမယ်။ ကစားသူက ဖိုင်ကို download လုပ်ပြီးတာနဲ့ Cyberpunk 2077\bin\x64 ထဲ content တွေကို extract လုပ်ပေးရပါမယ်။

-စိုးထက်
Ref: IGN

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««