ကွန်ပျူတာမှာ ဗိုင်းရပ်စ်ဝင်ရင် ဘယ်လို လက္ခဏာတွေပြလဲ

(၁) ကွန်ပျူတာ အလွန်အမင်း နှေးကွေးနေပါလိမ့်မယ်

(၂) ကွန်ပျူတာက icon ဒါမှမဟုတ် software application ကိုနှိပ်လိုက်ရင် ဘာမှမတုံ့ပြန်တာ၊ မှန်မှန်ကန်ကန် အလုပ်မလုပ်တာ တွေ့ရပါမယ်

(၃) ဘာအကြောင်းပြချက်မှ မရှိဘဲ ကွန်ပျူတာက reboot ဖြစ်တာ၊ ရပ်သွားတာ ဒါမှမဟုတ် ပြုတ်ကျတာ ဖြစ်လာပါမယ်

(၄) ကွန်ပျူတာမှာထည့်ထားတဲ့ လုံခြုံရေးပရိုဂရမ်နဲ့ firewall က ရုတ်တရက် ပြုတ်ကျပါမယ်။

(၅) ကိုယ်ပိုင် disk drive တွေ ဒါမှမဟုတ် hard drive သုံးလို့မရတာတွေ ဖြစ်နိုင်ပါတယ်

(၆) ရုတ်တရက် print ထုတ်လို့ မရတာလည်း ဖြစ်လာနိုင်တယ်

(၇) ကွန်ပျူတာမှာ ဗိုင်းရပ်စ်တွေ ရှိတာ ဒါမှမဟုတ် ဗိုင်းရပ်စ် ကူးစက်ခံထားရင် အပေါ်မှာ ပြထားတဲ့ မက်ဆေ့ချ်ပါ Windows ကိုတွေ့ရပါမယ် (ဗိုင်းရပ်စ် ပရိုဂရမ်နာမည်/ scanner နာမည်သစ် ပေါ်လာပြီး windows ကိုပိတ်လို့ မရတာလည်း ကြုံကောင်းကြုံပါမယ်)

(၈) မမျှော်လင့်တဲ့ ကျပန်း အချိန်တိုင်းမှာ pop-up widows တွေ မြင်လာရပါမယ်

(၉) ကွန်ပျူတာမှာ ဗိုင်းရပ်စ်ရှိနေတဲ့အတွက် ဖြေရှင်းဖို့ antivirus software တစ်ခုကို install ဒါမှဟုတ် download လုပ်လို့ မရတဲ့ ပြဿနာနဲ့လည်း ကြုံရပါမယ်

(၁၀) ကွန်ပျူတာ desktop ပေါ်က icon တွေ ချက်ချင်း ပျောက်သွားတာ၊ folder တွေထဲက ပရိုဂရမ်ဖိုင်တွေ ပျောက်သွားတာလည်း ဖြစ်နိုင်ပါတယ်

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««