ကွန်ပျူတာက ဖုန်းခေါ်ဆိုမှုကို လက်ခံနိုင်တဲ့ Microsoft ရဲ့ Your Phone

Microsoft ရဲ့ Your Phone app မှာပျောက်ဆုံးနေတဲ့ အကြီးမားဆုံး feature တစ်ခုဖြစ်တဲ့ ဖုန်းခေါ်ဆိုမှုပြုလုပ်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ Your Phone မှာ text message ပေးပို့တာ၊ သတိပေးချက်တွေကို syc ပြုလုပ်တာနဲ့ ဖုန်းနဲ့ကွန်ပျူတာအကြား ဓာတ်ပုံတွေဝေမျှတာ ပြုလုပ်နိုင်ပါတယ်။ အခုအခါမှာတော့ Android ဖုန်းနဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာမှာ ဖုန်းခေါ်ဆိုတာအပြင် ဖုန်းလက်ခံဖြေကြားတာလည်း ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။

ကွန်ပျူတာပေါ်က Your Phone အတွင်းမှာ သုံးစွဲသူက ဖုန်းခေါ်ဆိုဖို့ contact ကိုရှာဖွေရပါမယ်။ ဒါ့အပြင် သုံးစွဲသူက call history နဲ့ဖုန်းခေါ်ဆိုမှုကို ကွန်ပျူတာကနေ ဖုန်းဆီလွှဲပြောင်းနိုင်ပါတယ်။ Your Phone မှာ ပါဝင်တဲ့ feature တွေနဲ့ပေါင်းစပ်ပြီး သုံးစွဲသူက ဖုန်းကို အိတ်ကပ်ထဲက ထုတ်စရာမလိုဘဲ အကျိုးရှိစွာ အသုံးချနိုင်ပါတယ်။

Microsoft အနေနဲ့ Your Phone app ကိုလုပ်ကိုင်နေတာ လအနည်းငယ်ကြာပြီ ဖြစ်ပါတယ်။ Your Phone app ကြောင့် သုံးစွဲသူက ကွန်ပျူတာနဲ့ အလုပ်လုပ်နေစဉ်မှာ စိတ်အနှောင့်အယှက် မဖြစ်စေဘဲ အလုပ်ကို ဖြောင့်တန်းစွာ လုပ်လာနိုင်ဖို့ ဖြစ်ပါတယ်။ လာမယ့် လ အနည်းငယ်အတွင်း Your Phone app အတွက် feature များစွာကို Microsoft ကမိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: AndroidCentral