ကြော်ငြာမပါဘဲ သတင်းတွေ ဖတ်နိုင်မယ့် Firefox အစီအစဉ်

အမေရိကန်က Firefox သုံးစွဲသူတွေဟာ startup Scroll ကတစ်ဆင့် ပထမ ၆ လအတွက် တစ်လ ၅ ဒေါ်လာ လျှော့ဈေး ၂.၅၀ ဒေါ်လာနဲ့ ကြော်ငြာမပါဘဲ ဝက်ဘ်ဆိုများစွာမှာ သတင်းတွေ ဖတ်နိုင်တော့မှာ ဖြစ်ပါတယ်။

Mozilla က Scroll နဲ့ပူးပေါင်းမှုကို ထုတ်ပြန်ခဲ့ပါတယ်။ Mozilla ရဲ့ Firefox စမ်းသပ်အစီအစဉ်ကနေ လစဉ်ကြေးပေးသွင်းနိုင်ပါတယ်။ အဲဒီ အစီအစဉ်အမည်က Firefox Better Web ဖြစ်ပါတယ်။ လစဉ်ကြေးပေးသွင်းလိုက်တာနဲ့ ဘယ် browser ပေါ်မှမဆို ကြော်ငြာမပါဘဲ သတင်းတွေ ဖတ်ရှုနိုင်ပါမယ်။ ဒါပေမဲ့ Firefox ရဲ့ privacy ကာကွယ်ရေးအသစ်က အပြောင်းအလဲစောင့်နေသူတွေအတွက်လို့ ပြောခဲ့ပါတယ်။

Mozilla က ဝက်ဘ်ဆိုက်ကို တိုးတက်အောင် ပြုလုပ်ဖို့ သတင်းရင်းမြစ်ငွေကြေးတွေ ရှာဖွေဖို့နဲ့ အားတစ်ခုဖြစ်စေဖို့ လစဉ်ကြေးပေးသွင်း အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ အစောပိုင်း စမ်းသပ်မှုအရ ကွန်ရက်ကို သီးသန့်ဖြစ်စေဖို့ VPN access ပါဝင်တာ ဖြစ်ပါတယ်။ ငွေကြေးပေးသွင်းရတဲ့ အစီအစဉ်တွေက ကြော်ငြာပြသဖို့ search အတွက် Google နဲ့ဝင်ငွေ ဝေမျှနေရတဲ့ သဘောတူညီချက်အပေါ် မှီခိုမှုကို လျှော့ချနိုင်ပါတယ်။

Scroll မှာတော့ လစဉ်ကြေးပေးသွင်းထားရင် ကြော်ငြာမပါဘဲ USA Today, thee Atlantic, Buzzfeed, Vox, Business Insider, the Onion နဲ့အခြားဝက်ဘ်ဆိုက်တွေကို ဖတ်နိုင်ပါမယ်။ Mozilla ရဲ့ဈေးနှုန်းကလည်း Scroll ကနေ တိုက်ရိုက်ရယူထားတာ ဖြစ်ပါတယ်။

စိုးထက်
Ref: CNET