
Xiaomi ဟာ ကြိုးမဲ့စနစ် 67W အထိ ထောက်ပံ့ထားတဲ့ ဖုန်းသစ် ၂ မျိုးကို ဖန်တီးနေတယ်လို့ MIUI 12.5 beta build ကုတ်အရ သိရပါတယ်။
အဲဒီဖုန်း ၂ မျိုးရဲ့ လျှို့ဝှက်အမည်က “star” နဲ့ “mars” လို့သိရပါတယ်။ တွေ့ရှိရတဲ့ သက်သေအထောက်အထား အရ အသစ်ထွက်မယ့် Mi 11 Pro နဲ့ အခြား အမည်မသိ ဖုန်းတစ်မျိုးမှာ ကြိုးမဲ့အားသွင်းစနစ် 67W အထိ ပါဝင်ပါမယ်။ သတင်းတွေအရ Mi 11 Ultra အမည်ရ ဖုန်းနဲ့ K1 နဲ့ K1 A မော်ဒယ်တွေနဲ့ ဆက်စပ်မယ့် ဖုန်းတွေမှာ ပါဝင်လာပါမယ်။ ဒေသအလိုက် မူတည်ပြီး ဖုန်းတွေက ကွဲပြားနိုင်ပါသေးတယ်။ ကုတ်အမည် star အမည်ရ ဖုန်းမှာ Qualcomm ရဲ့ Snapdragon 888 chipset ပါဝင်လာနိုင်ပါတယ်။
နောက်ဆုံး ကောလာဟလသတင်းမှာတော့ Mi 11 Pro မှာ 80W ကြိုးမဲ့အားသွင်းစနစ် ပါဝင်မယ်လို့ ဖော်ပြထားပါတယ်။
-စိုးထက်
Ref: GSMArena
»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««