ကြိုးမဲ့အားသွင်းစနစ် ထောက်ပံ့မှု ပါဝင်မယ့် OnePlus 9

ပြီးခဲ့တဲ့အပတ်အတွင်း အသစ်ထွက်မယ့် OnePlus 9 ဖုန်းနဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်လာပါတယ်။ OnePlus ဟာ OnePlus 9 ဖုန်းကိုတော့ ပုံမှန် မိတ်ဆက်နေကျ အချိန်ထက် ၄ ပတ်လောက် စောပြီး မတ်လမှာ မိတ်ဆက်ဖွယ်ရှိပါတယ်။ OnePlus က မိတ်ဆက်မယ့် ထုတ်ကုန်တွေထဲမှာ OnePlus 9, OnePlus 9 Pro နဲ့ OnePlus 9E တို့ပါ လာဖွယ်ရှိပါတယ်။

သတင်းတွေအရ OnePlus 9 နဲ့ OnePlus 9 Pro တို့မှာ Qualcomm ရဲ့နောက်ဆုံးပေါ်ချစ်ပ် Snapdragon 888 ပါဝင်လာနိုင်ပါတယ်။ ဖုန်းမှာ ကင်မရာ အစိတ်အပိုင်းသစ်လည်း ပါဝင်မှာပါ။ OnePlus 9 မှာတော့ RAM 8GB, storage 128GB နဲ့ ဘက်ထရီ 4,500mAh ပါဝင်လာနိုင်ပါတယ်။ OnePlus 9E ဒါမှမဟုတ် OnePlus 9 Lite အမည်ရ ဖုန်းကတော့ OnePlus 8T နဲ့တော်တော်ဆင်ပြီး Snapdragon 865 SoC အပြင် 90Hz ဒါမှမဟုတ် 120Hz AMOLED display နဲ့ 65W အားသွင်းစနစ် ပါဝင်လာပါတယ်။

 

နောက်ဆုံးသတင်းအရ OnePlus 9 ဖုန်းမှာ မြန်တဲ့ 65W ကြိုးနဲ့အားသွင်းစနစ်နဲ့ ကြိုးမဲ့အားသွင်း 30W အပြင် reverse ကြိုးမဲ့အားသွင်းစနစ်လည်း ပါလာနိုင်ပါတယ်။ 91mobiles ကလည်း OnePlus 9 မှာ ကြိုးမဲ့အားသွင်းစနစ် ပါဝင်မယ့်အကြောင်းကို ပုံနဲ့ အတည်ပြုနေပါတယ်။

-စိုးထက်
Ref: XDA-developers

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««