
Google ဟာ YouTube နဲ့ Chrome browser ပေါ်က ဗီဒီယိုကြော်ငြာတွေအတွက် ကန့်သတ်မှုအသစ်တွေ ထည့်သွင်းလိုက်ပါတယ်။ Chrome က ၈ မိနစ် ကြာမြင့်တဲ့ ဗီဒီယိုအလယ်ကြော်ငြာတွေကို ပိတ်ပင်ပါမယ်။ YouTube ကလည်း ဗီဒီယိုအလယ်က ကြော်ငြာတွေကို ပိတ်ပင်သွားမယ်လို့ Google ကပြောကြားခဲ့ပါတယ်။
Google ဟာ ကြော်ငြာတွေကို ညင်သာတဲ့နည်းလမ်းတွေနဲ့ တားဆီးသွားပါမယ်။ Google အနေနဲ့ ဝက်ဘ်ဆိုက်ကြောင့် လူတွေ စိတ်အနှောင့်အယှက်ဖြစ်မှာ မလိုလာပါဘူး။ Google ဟာ ပြီးခဲ့တဲ့သုံးလပတ်အတွင်း YouTube ကနေ ဝင်ငွေ ဒေါ်လာ ၁၅ ဘီလျံ ရရှိထားပါတယ်။
Chrome နဲ့ YouTube တို့က ပထမ ၅ စက္ကန့်အတွင်း ကျော်ခွင့်မပေးတဲ့ ၃၁ စက္ကန့်ကျော်ကြာ ကြော်ငြာတွေကို ခွင့်ပြုမှာ မဟုတ်ပါဘူး။ အဲဒီကြော်ငြာတွေကို ဩဂုတ် ၅ ရက်မှာ Chrome ကပိတ်ပင်ပါမယ်။ ဗီဒီယိုတွေရဲ့ အလယ်တည့်တည့် ဒါမှမဟုတ် ၂၀ ရာခိုင်နှုန်းအထိ နေရာယူထားတဲ့ ဗီဒီယိုတွေကိုလည်း ပိတ်ပင်သွားပါမယ်။ Google ကြော်ငြာစည်းမျဉ်းတွေက Coalition for Better Ads အဖွဲ့ရဲ့နောက်ဆုံးပေါ် ညွှန်ကြားချက်အပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ အဖွဲ့ရဲ့ညွှန်ကြားချက်တွေက ၈ နိုင်ငံအတွင်းက လူပေါင်း ၄၅,၀၀၀ အပေါ် စစ်တမ်းကောက် ယူထားတာ ဖြစ်ပါတယ်။
ကြော်ငြာတွေက စိတ်အနှောင့်အယှက်ပေးပြီး ဝက်ဘ်ဆိုက်တွေကို နှေးကွေးစေလို မိုဘိုင်း data ကိုလည်း အလဟဿဖြစ်စေပါတယ်။ ဘက်ထရီကိုလည်း ကုန်ခန်းစေကာ malware လည်းထိခိုက်နိုင်ပါတယ်။ ဒါကြောင့် လူအများစုက ကြော်ငြာပိတ်ပင်တဲ့ software ဒါမှမဟုတ် browser ကိုသုံးစွဲလာကြပါတယ်။ ကြော်ငြာတွေက သုံးစွဲသူရဲ့ အွန်လိုင်းအပြုအမူကို ခြေရာခံနိုင်တဲ့ စိုးရိမ်ပူပန်မှုလည်း ရှိနေပါတယ်။
စိုးထက်
Ref: CNET