ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို Computer Assisted Personal Interviewing စနစ်ဖြင့်ကောက်ယူမည်

ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို Computer Assisted Personal Interviewing (CAPI) စနစ်ဖြင့် Mobile Tablet အသုံးပြုကာ ကောက်ယူသွားမှာြဖစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနရဲ့ ဝဘ်ဆိုက်မှ တစ်ဆင့် သိရပါတယ်။

ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နမူနာစာရင်း ကောက်ကွက်ပေါင်း (၄၀၀၀) ကျော် ကောက်ယူမှာဖြစ်ပြီး နိုဝင်ဘာလမှစတင်၍ ၄ သုတ်ခွဲကာ ကောက်ယူသွားမယ်လို့ သိရပါတယ်။ ကြားဖြတ်သန်းခေါင်စာရင်းကို ယခင် ကောက်ယူခဲ့တဲ့မေးခွန်းစာရွက် အသုံးပြုသည့်နည်းဖြင့် ကောက်ယူမှာမဟုတ်ဘဲ Mobile Tablet ကိုအသုံးပြုကာ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းမေးမြန်းကောက်ယူသည့်စနစ် (Computer – assisted Personal Interviewing – CAPI ) စနစ်ဖြင့် ကောက်ယူသွားမှာြဖစ်တယ်လို့ သိရပါတယ်။ Mobile Tablet ကို အသုံးပြုကာ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းမေးမြန်းကောက်ယူတဲ့ CAPI စနစ်ဟာ နည်းပညာအသစ်ဖြစ်ပြီး၊ ကမ္ဘာ့ဘဏ်ရဲ့အကူအညီနဲ့ ပူးပေါင်းကာ အဆိုပါ Application ကိုရေးသားခဲ့တယ်လို့သိရပါတယ်။

တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာ စာရင်းကောက်သူတွေအနေနဲ့ ကောက်ယူပြီးစီးတဲ့ အိမ်ထောင်စုတွေကို မိုဘိုင်းဒေတာ အသုံးပြုကာ စာရင်းစစ်ဆီကို ပေးပို့ရမှာဖြစ်ပါတယ်။ အဲလို ပေးပို့တဲ့အခါ စာရင်းစစ်က သက်ဆိုင်ရာ စာရင်းကောက်ကွက် တစ်ကွက်မှအိမ်ထောင်စု ၃၅ စုပြည့်ပါက စာရင်းစစ်အနေနဲ့ နေပြည်တော်ရှိ အလုပ်သမား လူ၀င်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား၀န်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနရုံးချုပ်မှာထားရှိတဲ့ Server ထဲကို ရောက်ရှိအောင်ပေးပို့ရမှာြဖစ်တယ်လို့သိရပါတယ်။

၂၀၁၉ ခုနစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းမှာတော့ Mobile Tablet ကို ကောင်းကောင်းအသုံးပြုတတ်သူ စိတ်ပါ၀င်စားသူ လူငယ်လူရွယ်တွေနဲ့ ကောက်ယူသွားမှာြဖစ်ကြောင်း၊ ယင်းသို့ကောက်ယူနိုင်ရေးအတွက် နည်းပြသင်တန်းများကိုလည်း (၄) သုတ်ခွဲကာ ကျင်းပမှာဖြစ်ပြီး နည်းပြသင်တန်းဆင်းများက သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ်များတွင် ဆင့်ပွားသင်တန်းများ ပြန်လည်ဖွင့်လှစ်ပို့ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

-ဝေဝေ