ကြန္ပ်ဴတာလုပ္ငန္းကို Foxconn ပုိင္ဆိုင္တဲ့ Sharp ထံ ေရာင္းခ်ခဲ့တဲ့ Toshiba

[ Zawgyi ]

Toshiba ဟာ laptop လုပ္ငန္းမွာ ေရွ႕ေဆာင္တီထြင္သူျဖစ္ခဲ့ေပမယ့္ ကုမၸဏီရဲ႕ က်ဆင္းေနတဲ့ ကြန္ပ်ဴတာလုပ္ငန္းကို Foxconn ပုိင္ဆိုင္တဲ့ Sharp ဆီ ေရာင္းခ်ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

Toshiba ရဲ႕ ကြန္ပ်ဴတာလုပ္ငန္းအတြင္းက ရွယ္ယာ ၈၀ ရာခုိင္ႏႈန္းကုိ ယန္း ၄ ဘီလ်ံ (ေဒၚလာ ၃၆ သန္း) နဲ႔ ေရာင္းခ်သြားမယ္လို႔ ဘ႑ာေရးထုတ္ျပန္ခ်က္အရ သိရပါတယ္။ အခု အေရာင္းအဝယ္ သေဘာတူညီခ်က္ကို ေအာက္တုိဘာလမွာ အၿပီးသတ္ဖို႔ အစီအစဥ္ေရးဆြဲ ထားပါတယ္။

ဂ်ပန္ကုမၸဏီ Toshiba ဟာ အျမတ္အစြန္းေတြကို အစီရင္ခံစာမွာ မမွန္မကန္ေဖာ္ျပခဲ့တဲ့ အ႐ႈပ္ေတာ္ပုံနဲ႔ ကြန္ပ်ဴတာေဈးကြက္ တိုးတက္မႈႏႈန္း အားနည္းသြားတဲ့ကိစၥေတြေၾကာင့္ ၂၀၁၅ ခုႏွစ္ ေနာက္ပိုင္းမွာ လုပ္ငန္းကို ျပန္လည္ ဖြဲ႕စည္းတည္ေဆာက္ဖို႔ ႀကိဳးစားေနပါတယ္။

Toshiba ဟာ ကုန္က်စရိတ္ေတြကို ျဖတ္ေတာက္ဖုိ႔ ၂၀၁၅ ခုႏွစ္မွာ အလုပ္အကိုင္ ၇,၈၀၀ ေက်ာ္ကို ေလွ်ာ႔ခ်လိုက္ပါတယ္။ Toshiba ရဲ႕ကြန္ပ်ဴတာလုပ္ငန္းအေနနဲ႔ လုပ္ငန္းရွင္ေတြဆီ ထုတ္ကုန္ေပါင္းမ်ားစြာ ေရာင္းခ်ၿပီး ဝင္ေငြရရွိဖို႔ ႀကိဳးစားခဲ့ပါတယ္။ ကုမၸဏီရဲ႕ ကြန္ပ်ဴတာလုပ္ငန္းအတြက္ ေကာ္ပုိရိတ္တန္ဖိုး ပိုမိုရွာေဖြဖို႔ ရွယ္ယာအမ်ားစုကုိ Sharp ထံေရာင္းခ်ခဲ့တယ္လို႔ ဇြန္လ ၅ ရက္ (အဂၤါေန႔) က Toshiba ကေျပာခဲ့ပါတယ္။

“ရွယ္ယာလႊဲေျပာင္းမႈအၿပီးမွာ Toshiba အေနနဲ႔ ကြန္ပ်ဴတာထုတ္ကုန္ေတြနဲ႔ [Toshiba Client Solutions Co.] က ဒီဇိုင္းထုတ္လုပ္ၿပီး ေရာင္းခ်တဲ့ equiement အတြက္ အမွတ္တံဆိပ္ လုိင္စင္ေတြကို ဆက္လက္ေထာက္ပံ့သြားမယ္” လို႔ ဘ႑ာေရးထုတ္ျပန္ခ်က္မွာ ေျပာၾကားထားပါတယ္။

အခုအေရာင္းအဝယ္ဟာ Sharp ကုိ ကြန္ပ်ဴတာေဈးကြက္ထဲ ျပန္လည္ ဝင္ေရာက္ဖို႔ လမ္းဖြင့္ေပးမွာ ျဖစ္ပါတယ္။ Sharp ဟာ ၂၀၁၀ ခုႏွစ္မွာ ကြန္ပ်ဴတာေဈးကြက္ကေန ႏုတ္ထြက္ခဲ့ပါတယ္။ Sharp ဟာ ဘ႑ာေရးအရ ႐ုန္းကန္ေနရတဲ့ ဂ်ပန္ကုမၸဏီတစ္ခုလည္း ျဖစ္ပါတယ္။၂၀၁၆ ခုႏွစ္မွာ Sharp ကို ထိုင္ဝမ္အေျခစိုက္ iPhone တပ္ဆင္ထုတ္လုပ္ေရးကုမၸဏီ Foxconn Technology Group က ေဒၚလာ ၃.၈ ဘီလ်ံနဲ႔ ဝယ္ယူခဲ့ပါတယ္။

စိုးထက္
Ref: PCMag

[ Unicode ]

Toshiba ဟာ laptop လုပ်ငန်းမှာ ရှေ့ဆောင်တီထွင်သူဖြစ်ခဲ့ပေမယ့် ကုမ္ပဏီရဲ့ ကျဆင်းနေတဲ့ ကွန်ပျူတာလုပ်ငန်းကို Foxconn ပိုင်ဆိုင်တဲ့ Sharp ဆီ ရောင်းချဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Toshiba ရဲ့ ကွန်ပျူတာလုပ်ငန်းအတွင်းက ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ယန်း ၄ ဘီလျံ (ဒေါ်လာ ၃၆ သန်း) နဲ့ ရောင်းချသွားမယ်လို့ ဘဏ္ဍာရေးထုတ်ပြန်ချက်အရ သိရပါတယ်။ အခု အရောင်းအဝယ် သဘောတူညီချက်ကို အောက်တိုဘာလမှာ အပြီးသတ်ဖို့ အစီအစဉ်ရေးဆွဲ ထားပါတယ်။

ဂျပန်ကုမ္ပဏီ Toshiba ဟာ အမြတ်အစွန်းတွေကို အစီရင်ခံစာမှာ မမှန်မကန်ဖော်ပြခဲ့တဲ့ အရှုပ်တော်ပုံနဲ့ ကွန်ပျူတာဈေးကွက် တိုးတက်မှုနှုန်း အားနည်းသွားတဲ့ကိစ္စတွေကြောင့် ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ လုပ်ငန်းကို ပြန်လည် ဖွဲ့စည်းတည်ဆောက်ဖို့ ကြိုးစားနေပါတယ်။

Toshiba ဟာ ကုန်ကျစရိတ်တွေကို ဖြတ်တောက်ဖို့ ၂၀၁၅ ခုနှစ်မှာ အလုပ်အကိုင် ရ,၈၀၀ ကျော်ကို လျှော့ချလိုက်ပါတယ်။ Toshiba ရဲ့ကွန်ပျူတာလုပ်ငန်းအနေနဲ့ လုပ်ငန်းရှင်တွေဆီ ထုတ်ကုန်ပေါင်းများစွာ ရောင်းချပြီး ဝင်ငွေရရှိဖို့ ကြိုးစားခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ကွန်ပျူတာလုပ်ငန်းအတွက် ကော်ပိုရိတ်တန်ဖိုး ပိုမိုရှာဖွေဖို့ ရှယ်ယာအများစုကို Sharp ထံရောင်းချခဲ့တယ်လို့ ဇွန်လ ၅ ရက် (အင်္ဂါနေ့) က Toshiba ကပြောခဲ့ပါတယ်။

“ရှယ်ယာလွှဲပြောင်းမှုအပြီးမှာ Toshiba အနေနဲ့ ကွန်ပျူတာထုတ်ကုန်တွေနဲ့ [Toshiba Client Solutions Co.] က ဒီဇိုင်းထုတ်လုပ်ပြီး ရောင်းချတဲ့ equiement အတွက် အမှတ်တံဆိပ် လိုင်စင်တွေကို ဆက်လက်ထောက်ပံ့သွားမယ်” လို့ ဘဏ္ဍာရေးထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

အခုအရောင်းအဝယ်ဟာ Sharp ကို ကွန်ပျူတာဈေးကွက်ထဲ ပြန်လည် ဝင်ရောက်ဖို့ လမ်းဖွင့်ပေးမှာ ဖြစ်ပါတယ်။ Sharp ဟာ ၂၀၁၀ ခုနှစ်မှာ ကွန်ပျူတာဈေးကွက်ကနေ နုတ်ထွက်ခဲ့ပါတယ်။ Sharp ဟာ ဘဏ္ဍာရေးအရ ရုန်းကန်နေရတဲ့ ဂျပန်ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။၂၀၁၆ ခုနှစ်မှာ Sharp ကို ထိုင်ဝမ်အခြေစိုက် iPhone တပ်ဆင်ထုတ်လုပ်ရေးကုမ္ပဏီ Foxconn Technology Group က ဒေါ်လာ ၃.၈ ဘီလျံနဲ့ ဝယ်ယူခဲ့ပါတယ်။

စိုးထက်
Ref: PCMag