ကြက်သား အပူပေးမီးဖို ပါဝင်တဲ့ KFC ဂိမ်းစက်

Fast food စားသောက်ဆိုင်တွေ ပိုင်ဆိုင်တဲ့ KFC ဟာ ကြက်သားကို အပူပေးနိုင်တဲ့ ဂိမ်းစက်ကို မိတ်ဆက်လိုက်ပါတယ်။

“ကြက်သား အပူပေးနိုင်တဲ့ အကန့်မှာ ထည့်လိုက်တဲ့ အသားတွေကို ပူအောင် လုပ်ပေးနိုင်ပြီး ဂိမ်းအပြင်းအထန် ကစားနေချိန်အတွင်း အသင့်စားနိုင်မယ်” လို့ KFC ကပြောခဲ့ပါတယ်။

KFC ဂိမ်းစက်ဟာ အခြားဂိမ်းစက်လိုပဲ အဆင့်မြင့် ဂိမ်းတွေ ကစားနိုင်တယ်လို့ ပြောထားပါတယ်။

လူတွေအများစုက ဇွန်လအတွင်း ဂိမ်းစက်ကို စတင် ထုတ်ဖော်ပြသချိန်မှာ ဈေးကွက်ရှာဖွေရေး ချဲ့ကားမှုတစ်ခုလို့ ယူဆခဲ့ပါတယ်။

ဂိမ်းစက်အသစ်မှာ ပါဝင်တဲ့ အအေးပေးစနစ်တစ်ခု ပါဝင်ပြီး ကြက်သားအကန့်ထဲက အသားကို နွှေးဖို့ အပူကို ထုတ်လွှတ်ပေးပပါတယ်။

“ဂိမ်းစက်က အဆင့်မြင့်ဂိမ်းတွေ ကစားနိုင်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။ အကောင်းဆုံးကတော့ ဂိမ်းကစားနေစဉ်မှာ အသားနွှေးလို့ရအောင် ပြုလုပ်ထားတာကြောင့် ပြီးပြည့်စုံလွန်းပါတယ်” KFC ပြောရေးဆိုခွင့်ရှိသူ မာ့ခ်ချီဗာက ပြောခဲ့ပါတယ်။

-စိုးထက်
Ref: BBC

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««