ကြက်ကြော်အိုးပါဝင်တဲ့ KFC ဂိမ်းစက်

ပြီးခဲ့တဲ့လအစောပိုင်း KFC ရဲ့ Gaming ဌာနက KFConsole အမည်ရ အသစ်ထွက်မယ့် ဂိမ်းစက်အတွက် အမြည်းဗီဒီယိုကို မိတ်ဆက်လိုက်ပါတယ်။

KFC ဂိမ်းစက်ပုံစံ KFC ကြက်ကြော်ထည့်တဲ့ ပုံးနဲ့ဆင်ပြီး အနီနဲ့ အဖြူရောင်သုံးထားတယ်။ ဂိမ်းစက်အောက်မှာအခွေထည့်နိုင်ပြီး ပါဝါခလုတ်လည်း ပါဝင်လာပါတယ်။ အတွင်းထဲမှာ 11GHz Zinger processor ချစ်ပ်ပါဝင်လာပါတယ်။ KFConsole က platform အမျိုးမျိုးက ကစားသူတွေနဲ့ ဂိမ်းကစားနိုင်ပြီး 4K/12fps ထောက်ပံ့မှုပါဝင်လာပါတယ်။

ဂိမ်းစက်ရဲ့ အကြီးကျယ်ဆုံး feature ကတော့ စိတ်ဝင်စားစရာပါ။ ဂိမ်းစက် မျက်နှာစာမှာ ကြက်ကြော်နိုင်တဲ့ အကန့်တစ်ခုပါဝင်ပါတယ်။

အမြည်းမိတ်ဆက်ထားတဲ့ ဗီဒီယိုအရ KFConsole ကို ၂၀၂၀၊ နိုဝင်ဘာလ ၁၂ရက်မှာ မိတ်ဆက်ပါမယ်။

-စိုးထက်
Ref: GadgetMatch