
နိုဝင်ဘာလ ၂၈ ရက်မှာ ကျရောက်တဲ့ ကျေးဇူးတော်နေ့မှာ Facebook နဲ့ Instagram ပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီးနောက် အခုအခါ ပုံမှန်အနေအထား ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
Facebook ဟာ အဓိက လူမှုကွန်ရက်ဝန်ဆောင်နဲ့ Instagram ကို ပုံမှန်ဖြစ်အောင် ပြန်လည်ထိန်းသိမ်းလိုက်တယ်လို့ ပြောခဲ့ပါတယ်။ လိုင်းပြတ်တောက်မှုနဲ့ ပတ်သက်ပြီး Instagram က Twitter မှာတောင်းပန်ခဲ့ပါတယ်။ ဒါ့အပြင် Facebook ပြောရေးဆိုခွင့်ရှိသူက “ဒီနေ့အစောပိုင်း (ကျေးဇူးတော်နေ့) မှာ Facebook မိသားစုဝင် app တွေအသုံးပြုတဲ့သူတွေ အခက်အခဲတွေ ကြုံတွေ့ရနိုင်ပါတယ်။ အဲဒီပြဿနာကို ဖြေရှင်းပြီး ဖြစ်ပါတယ်။ အခုဆိုရင် လူတိုင်း ၁၀၀ ရာခိုင်နှုန်း အသုံးပြုနိုင်သလို ကြုံတွေ့ရတဲ့ အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်” လို့ပြောခဲ့ပါတယ်။
Gobble gobble, we back. We apologize for the inconvenience and wish a #HappyThanksgiving to those who celebrate! pic.twitter.com/nUl0fq9bup
— Instagram (@instagram) November 28, 2019
Facebook ဟာ ကျေးဇူးတော်နေ့ နေ့လယ်ဘက်မှာ ဝန်ဆောင်မှုတွေကို ပြန်လည်ထိန်းသိမ်းခဲ့ပါတယ်။ Facebook နဲ့ Instagram ဟာ ကျေးဇူးတော်နေ့မှာ ကမ္ဘာတစ်ဝန်း ပြတ်တောက်ခဲ့ပါတယ်။ သုံးစွဲသူတချို့က Facebook မှာ post တင်လို့မရတာ ဒါမှမဟုတ် Instagram မှာ story ကြည့်လိုမရတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် Messenger မှာလည်း အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
We’re aware that some people are currently having trouble accessing Facebook’s family of apps, including Instagram. We’re working to get things back to normal as quickly as possible. #InstagramDown
— Instagram (@instagram) November 28, 2019
Instagram ပြတ်တောက်မှုက ဥရောပအလယ်ပိုင်းမှာ ဆိုးဝါးစွာ ဖြစ်ပေါ်ခဲ့တယ်လို့ DownDetector က ဖော်ပြခဲ့ပါတယ်။ အမေရိကန်နိုင်ငံ တစ်ဝန်းမှာလည်း Facebook ပြတ်တောက်မှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။
စိုးထက်
Ref: TheVerge