ကျောဘက် panel အရောင်ပြောင်းတဲ့ OnePlus 8T Concept ဖုန်း

ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းက OnePlus ဟာ OnePlus Concept One ဆိုတဲ့ စမတ်ဖုန်းသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီဖုန်း ကျောဘက်မှာ electrochromic glass panel ပါဝင်လာပါတယ်။ ကျောဘက်က မှန်ထည်က ကင်မရာကို မသုံးတဲ့ အချိန်မှာ ကာပေးထားနိုင်ပါတယ်။

အခုဆိုရင် OnePlus က OnePlus 8T Concept ဆိုတဲ့ ဒုတိယမြောက် concept ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ အခုဖုန်း ကျောဘက်မှာ Electronic Color, Material နဲ့ Finish ဒါမှမဟုတ် ECMF အသုံးပြုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ Concept One လိုပဲ ဖုန်းကျောဘက်က အခြေအနေ အမျိုးမျိုးပေါ်အလိုက် အရောင်ပြောင်းလဲနိုင်ပါတယ်။

OnePlus 8T Concept ဖုန်းကတော့ Concept One လိုပါပဲ၊ ဝယ်လို့ မရသေးပါဘူး။ OnePlus က အနာဂတ်ထုတ်ကုန်တွေမှာ ပါဝင်မယ့် နည်းပညာကို ထည့်သွင်းပြီး ရှေ့ပြေးပုံစံထုတ်ကုန် အဖြစ် ပြသတာ ဖြစ်ပါတယ်။

OnePlus 8T Concept ဖုန်းရဲ့ ကျောဘက် panel က ဖုန်းလာတာ ဒါမှမဟုတ် သတိပေးချက် ဝင်လာရင် အရောင်ပြောင်းနိုင်တာ ပြသခဲ့ပါတယ်။ OnePlus 8T Concept ကျောဘက် ကင်မရာဘက်လှည့်ပြီး သုံးစွဲသူ အသက်ရှူသွင်းလုပ်တာကို ရစ်သမ်မိအောင် အရောင်နဲ့ ပြပေးပါတယ်။

-စိုးထက်
Ref: AndroidAuthority