ကျောဘက်ကင်မရာ ၄ လုံးပါဝင်တဲ့ LG K62 နဲ့ K52

LG ဟာ ဈေးသက်သာတဲ့ K စီးရီးဖုန်းအသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ အသစ်မိတ်ဆက်လိုက်တဲ့ ဖုန်း ၂ မျိုးစလုံးမှာ မျက်နှာပြင် ၆.၆ လက်မ display, ကင်မရာ ၄ လုံးနဲ့ 4,000mAh ဘက်ထရီ ပါဝင်လာပါတယ်။

LG K စီးရီးဖုန်းတွေကို အောက်တိုဘာလအတွင်း ဥရောပမှာ စတင်ရောင်းချပါမယ်။ အာရှ၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းက အဓိကဈေးကွက်မှာ ရောင်းချမယ်လို့သိရပါတယ်။

LG K62

LG K62 ဖုန်းမှာတော့ မျက်နှာပြင် ၆.၆ လက်မ LCD အပြင် 1080p+ ရုပ်ထွက်အရည်အသွေး (20:9) ပါဝင်ပါတယ်။ ဒီဖုန်းက content ဖန်တီးသူတွေအတွက် သင့်တော်ပါတယ်။

ကျောဘက်မှာ ပါဝင်တဲ့ 48MP ကင်မရာနဲ့ YouTube Live stream ထုတ်လွှင့်လို့ရပါတယ်။ ဒါ့အပြင် 5MP ultra wide (၁၁၅ ဒီဂရီ) နဲ့ 2MP အစိတ်အပိုင်း (macro နဲ့ depth) စုစုပေါင်း ကင်မရာ ၄ လုံး ပါဝင်လာပါတယ်။ AI CAM ကတော့ ရိုက်ကူးမယ့် ရှုခင်းနဲ့ အရာဝတ္ထုအတွက် သင့်တော်တဲ့ optimal ကင်မရာ setting တွေကို အကြံပေးပါတယ်။

K62 ရှေ့ဘက် selfie ကင်မရာက 28MP ဖြစ်ပြီး punch hole ထဲမှာ ထည့်သွင်းထားပါတယ်။ K62 ရဲ့ storage 128GB ဖြစ်ပြီး microSD ကတ် တိုးချဲ့ ထည့်သွင်းနိုင်ပါတယ်။ ဖုန်းမှာ အမည်မဖော်ထားတဲ့ chipset (2.3GHz octa-core CPU) နဲ့ RAM 4GB ပါဝင်လာပါတယ်။ Android 10 ပါဝင်ပြီး Google Assistant ခလုတ်လည်း ပါဝင်လာပါတယ်။ ဖုန်းရဲ့ ဘေးဘက်မှာ fingerprint reader လည်းပါဝင်လာပါတယ်။

K စီးရီးဖုန်းတွေဟာ MIL-STD-810G ဆိုတဲ့ အကြမ်းခံနိုင်ရည် စမ်းသပ်မှုတွေကို ကျော်ဖြတ်ထားနိုင်ပြီး အပူချိန် အနိမ့်/အမြင့်၊ အပူချိန်ပြောင်းလဲ၊ တုန်ခါမှု၊ စိုစွတ်မှုနဲ့ shock စမ်းသပ်မှုတို့ကို အောင်မြင်ထားပါတယ်။ ဒါပေမဲ့ K စီးရီးဖုန်းတွေက drop test နဲ့ ရေစိုခံမှုအပိုင်း မစမ်းသပ်ထားပါဘူး။ K62 မှာတော့ ဘက်ထရီ 4,000mAh ပါဝင်ပြီး USB-C ကနေ အားသွင်းနိုင်ပါတယ်။

LG K52

LG K52 ရဲ့ အသေးစိတ် အချက်အလက်တွေက K62 နဲ့တူပြီး selfie ကင်မရာပဲ ကွာခြားပါတယ်။ K52 မှာတော့ 13MP အစိတ်အပိုင်း ပါဝင်လာပါတယ်။ Storage 64GB ဖြစ်ပြီး RAM 4GB နဲ့ microSD ကတ် ထည့်သွင်းနိုင်ပါတယ်။ K52 နဲ့ K62 ကျောဘက်မှာ လက်ရာမထင်တဲ့ matte finish ပါဝင်လာပါတယ်။ K52 ကိုတော့ အဖြူ၊ အနီနဲ့ အပြာဆိုပြီး ထုတ်လုပ်ထားပါတယ်။

LG K42

လွန်ခဲ့တဲ့ ၂ ရက်လောက်က LG K42 ကို မိတ်ဆက်ခဲ့ပါတယ်။ မျက်နှာပြင် ၆.၆ လက်မ display နဲ့ 720p+ ရုပ်ထွက်အရည်အသွေးနဲ့ 2.0GHz octa-core CPU ပါဝင်လာပါတယ်။ ကျောဘက်ကင်မရာကတော့ 13MP sensor ဖြစ်ပြီး ရှေ့ကင်မရာကတော့ 8MP sensor ပါဝင်လာပါတယ်။

-စိုးထက်
Ref: GSMArena

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««