ကျောင်းသားများပြုလုပ်ထားသော Covid-19 နှင့် ပတ်သက်သည့် ဝက်ဘ်ဆိုက်အား စတင်အသုံးပြုနိုင်ပြီ

သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT) သမဂ္ဂမှ ဦးဆောင်ပြီး UIT ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်ထားသော Covid-19 နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များ ပါဝင်တဲ့ ဝက်ဘ်ဆိုက် https://covid19mm.info/ ကို စတင် အသုံးပြုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဝက်ဘ်ဆိုက်မှာ Covid-19 နဲ့ ပတ်သက်ပြီး တိကျမှန်ကန်တဲ့ သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖတ်ရှုနိုင်သလို အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုပါ ထည့်သွင်းထားပါတယ်၊၊ ဒါ့အပြင် မြန်မာနိုင်ငံမှာ အတည်ပြုပြီးတဲ့ Cases တွေ၊ Up to date Cases တွေသာမကဘဲ ကမ္ဘာမှာ အတည်ပြုပြီးတဲ့ Cases တွေကိုလည်း ကြည့်ရှုနိုင်မှာပါ၊၊

တစ်ကမ္ဘာလုံးဆိုင်ရာ Covid-19 ဖြစ်ပွားမှု၊ သေဆုံးမှုနဲ့ ပြန်လည်ကောင်းမွန်လာမှု ဖြစ်စဉ်အရေအတွက်တွေကို အချိန်နဲ့ တစ်ပြေးညီ ထည့်သွင်းဖော်ပြထားသလို မြန်မာနိုင်ငံတွင်း Covid-19 ဖြစ်ပွားမှု၊ သေဆုံးမှုနဲ့ ပြန်လည်ကောင်းမွန်လာမှု ဖြစ်စဉ်အရေအတွက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီ ထည့်သွင်းဖော်ပြထားပါတယ်၊၊ နိုင်ငံအလိုက် Covid-19 ဖြစ်ပွားမှု ဖြစ်စဉ်တွေကိုလည်း ရှာဖွေသိရှိနိုင်သလို Facebook မှာလိုမျိုး သတင်း အမှားတွေရော၊ အမှန်တွေရော ရောနှောနေတာမျိုး မရှိဘဲ Covid-19 နဲ့ စပ်လျဉ်းပြီး တိကျမှန်ကန်တဲ့ သတင်းတွေကို Up to date ဖတ်ရှုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဝက်ဘ်ဆိုက်ကတော့ Beta Version ဖြစ်ပြီး လှူဒါန်းမှုတွေ၊ မြန်မာ Font နဲ့ အသုံးပြုနိုင်အောင်တွေအတွက် ဆက်လက်လုပ်ဆောင်နေပြီး ပြင်ပ developer များအတွက် အလွယ်တကူ အသုံးပြုနိုင်ရန် API ကိုလည်း ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

-သန္တာ