
Microsoft ဟာ ဝက်ဘ်ဆိုက်အတွက် Word ထဲမှာ အသံနဲ့ transcribe လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ပါတယ်။ Microsoft 365 လစဉ်ကြေးသုံးစွဲသူတွေက အွန်လိုင်းဗားရှင်း Word ထဲမှာ Transcribe ကိုအသုံးပြုနိုင်ပြီး အသံထွက် သင်ခန်းစာတွေကို စာနဲ့ အလိုအလျောက် မှတ်တမ်းတင်ပေးပါတယ်။ Microsoft ဟာလက်ရှိ အသံဖိုင်တွေကို ထောက်ပံ့ထားပြီး ဝက်ဘ်ဆိုက်ပေါ်က Word အတွင်း စကားပြောဆိုမှုတွေကို အလိုအလျောက် မှတ်တမ်းတင်ထားခွင့်ပြုသလို အလိုအလျောက် စာနဲ့လည်း မှတ်တမ်းတင်ပေးပါတယ်။
စကားပြောဆိုမှုကို စာနဲ့ မှတ်တမ်းတင်ပြီးတာနဲ့ Microsoft AI က စကားပြောသူတစ်ဦးဆီကိုလည်း ခွဲခြားပေးကာ word ထဲမှာ အလွယ်တကူ ကြည့်ပြီး တည်းဖြတ်နိုင်အောင် ကဏ္ဍအလိုက် ပြုလုပ်ပေထားပါတယ်။ အသံဖိုင် ဒါမှမဟုတ် ဗီဒီယိုက ပြောစကားတွေကို စာနဲ့ မှတ်တမ်းလို့ရပြီး MP3, WAV, M4A ဒါမှမဟုတ် MP4 ဖိုင်အရွယ်အစား 200MB အထိ ထောက်ပံ့ပေးထားပါတယ်။ စာနဲ့ မှတ်တမ်းတင်ဖို့ ကြာတဲ့ အချိန်ကတော့ ဖိုင်ပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။
-စိုးထက်
Ref: TheVerge
»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««