ကျောင်းစာကြည့်တိုက်လုပ်ငန်းများ အတွက် ငွေကျပ် ၁၅၁၂၈ .၂၇၉ သန်း သုံးစွဲခဲ့

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အထိ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်တဲ့ ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ရန်ပုံငွေမှ ကျောင်းစာကြည့်တိုက် လုပ်ငန်းတွေအတွက် စုစုပေါင်း ငွေကျပ် ၁၅၁၂၈ . ၂၇၉ သန်း သုံးစွဲခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ဒုတိတယအကြိမ် အမျိုးသားလွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး မှာ ပြောကြားခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အထိ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြှင့်တင်ရေးစီမံချက် ဆောင်ရွက်မည့် ကျောင်းများအတွက် စာအုပ်စင်၊ စာကြည့်တိုက် ဆိုင်ရာ စာရေးကိရိယာ၊ စာကြည့်တိုက် အထောက်အကူပြုပစ္စည်းများ စာဖတ်စားပွဲခုံ၊ စာအုပ်နှင့်သင်တန်းစရိတ်များ အတွက် ရန်ပုံငွေ စုစုပေါင်း ငွေကျပ် ၁၈၀၅.၆၅ သန်းခွဲဝေသုံးစွဲခဲ့ကြောင်း၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အထိ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်တဲ့ ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ရန်ပုံငွေ တွင် ကျောင်းစာကြည့်တိုက်လုပ်ငန်းတွေ အတွက် စုစုပေါင်း ငွေကျပ် ၁၅၁၂၈.၂၇၉ သန်း သုံးစွဲခဲ့ကြောင်း၊ ရန်ပုံငွေခွဲဝေမှုအပြင် စာကြည့်တိုက်ရှိရန် လိုအပ်တဲ့ ကျောင်းများကို နှစ်စဥ် ရန်ပုံငွေများခွဲဝေပြီး စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အထူးသဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ မြန်မာစာပေ ပံ့ပိုးကူညီမှုနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့၊ Room to read အဖွဲ့တွေနဲ့ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းတို့ ပူပေါင်းဆောင်ရွက်နေသော စာဖတ်ကြစို့စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ၊ စာကြည့်တိုက်ဆိုင်ရာ သင်တန်းများပေးခြင်း၊ လိုအပ်သော ပရိဘောဂနှင့် စာအုပ်များ ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားပါတယ်။

ကျောင်းစာကြည့်တိုက်ဆိုင်ရာ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းအုပ်ကြီးများ မွမ်းမံသင်တန်းတွင် စာကြည့်တိုက်ဆိုင်ရာ အကြောင်းအရာများကို ပို့ချပေးခဲ့ပြီး အခြေခံပညာကျောင်းများတွင် စာအုပ်များငှားရမ်းပေးခြင်း၊ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြင့် စာဖတ်ရှိန် မြှင့်တင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

-သန္တာ