
မြန်မာနိုင်ငံ ကျောက်မျက်ရတနာ အသင်းချုပ်က နေပြည်တော်၊ ရွေကြာပင်မှာ ဖွင့်လှစ်ထားတဲ့ ကျောက်မျက်ရတနာ သင်တန်းကျောင်းအတွက် ပညာရေးဝန်ကြီးဌာန၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ (National Curriculum Committee) အသိအမှတ်ပြု Competency Based Curriculum သင်ရိုးညွှန်းတမ်း ရေးဆွဲလိုတဲ့အတွက် Consulting Service Firm/Company များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များအားလုံးကို အဆိုပြုလွှာတင်သွင်းရန် ဖိတ်ခေါ်ထားပါတယ်။
ကျောက်စိမ်းကျွမ်းကျင်မှု ဘာသာရပ် သင်ရိုးညွှန်းတမ်း၊ ကျောက်မျက်ကျွမ်းကျင်မှု ဘာသာရပ် သင်ရိုးညွှန်းတမ်း၊ ကျောက်မျက်ပန်းချီကျွမ်းကျင်မှု ဘာသာရပ် သင်ရိုးညွှန်းတမ်း၊ ပန်းထိမ်ကျွမ်းကျင်မှု ဘာသာရပ် သင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲရမှာ ဖြစ်ပါတယ်။
အဆိုပြုလွှာကို စက်တင်ဘာ ၁၈ ရက် ညနေ ၅ နာရီ နောက်ဆုံးထားကာ တင်သွင်းရမှာ ဖြစ်ပြီး အသေးစိတ်ကို ဦးမျိုးနိုင်၊ ဒုတိယကျောင်းအုပ်ကြီး ဖုန်း- ၀၉၄၀၀၀၁၆၇၄၁၊ ဖက်စ်-၀၆၇-၈၁၀၂၀၄၇ နဲ့ [email protected] သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
-သန္တာ
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««