ကျန်းမာရေးအသိရှိ အားကစားသမားများ ဝတ်ဆင်နိုင်မယ့် မျက်နှာကာများ

COVID-19 ပျံ့ပွားမှုကို ကာကွယ်မယ့် အဓိကလက်နက်ကတော့ မျက်နှာကာပါပဲ။ ဒါပေမဲ့ အားကစားလုပ်စဉ်မှာ မျက်နှာကာ ဝတ်ဆင်ကြဖို့ ကျန်းမာရေးအာဏာပိုင်က တိုက်တွန်းထားပေမယ့်လည်း လက်တွေ့မှာ ခက်ခဲပါတယ်။

အများပြည်သူဆိုင်ရာ နေရာတွေမှာ အားကစားလုပ်တဲ့အခါ မျက်နှာကာဒါမှမဟုတ် မျက်နှာဖုံးဝတ်ဆင်ကြဖို့ ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေးစင်တာက အကြံပြုထားပါတယ်။ ဒါကြောင့် အားကစားရုံလိုမျိုး နေရာမှာလည်း မျက်နှာကာဝတ်ဆင်သင့်ပါတယ်။ WHO ကတော့ အားကစားလုပ်တဲ့အခါ မျက်နှာကာဝတ်ဆင်ထားရင် အသက်ရှုရ ခက်ခဲမှုရှိတယ်လို့ ပြောထားပါတယ်။

သင်နဲ့ အခြားလူတွေရဲ့ လုံခြုံမှုအတွက် မျက်နှာကာဝတ်ဆင်သင့်ပါတယ်။ အားကစားရုံနဲ့ ကျန်းမာကြံ့ခိုင်ရေး စင်တာတွေ သွားပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါ အသက်ရှုချောင်စေသလို ချွေးစိုဒဏ်လည်း ခံနိုင်ရည်ရှိပါတယ်။ အခုဖော်ပြမယ့် မျက်နှာကာတွေက အားကစားလုပ်တဲ့အခါ ဝတ်နိုင်ဖို့ ဒီဇိုင်းသေချာ ထုတ်ထားတာပါ။

Under Armour US Sportmask (ဒေါ်လာ ၃၀)

Under Armour က အားကစားသမားတွေအတွက် UAA Sportsmask ကိုထုတ်ထားတာပါ။ အခုမျက်နှာကာကို အားကစားလုပ်တဲ့အခါ အသုံးပြုနိုင်သလို အပြင်သွားရင် ဝတ်ဆင်နိုင်ပါတယ်။ မျက်နှာကာမှာ မတူညီတဲ့ အလွှာ ၃ခုထည့်သွင်းထားပြီး လေဝင်လေထွက်ကောင်းအောင်လည်း ပြုလုပ်ထားပါတယ်။မျက်နှာကာရဲ့ ပထမဆုံးအလွှာကတော့ “PROTX2” လို့ခေါ်တဲ့ ပိုးသတ်စနစ်ပါဝင်ပါတယ်။

The Well Movement Mask (၁၈ ဒေါ်လာ)

အထည်နဲ့ ဖန်တီးထားတဲ့ The Well Movement Mask မှာ ချည်သား ၅၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်တာနဲ့ ချွေးထွက်များတဲ့ဒဏ်ကိုတော့ မခံနိုင်ပါဘူး။ ဒါပေမဲ့ လေ့ကျင့်ခန်းတော်တော်များများ ပြုလုပ်တဲ့အခါ ချွေးဒဏ်ခံနိုင်အောင် ပိုလီယက်စတာနဲ့ စပန်ဒတ်တို့နဲ့လည်းလုပ်ထားပါတယ်။ ဘက်တီးရီးယား တိုးပွားမှုကို တားဆီးဖို့ ပိုးသေစေမယ့် အရာတွေလည်း ပါဝင်ပါတယ်။

Carbon38 The Mask Kit (၂၉ ဒေါ်လာ)

Carbon38 The Mask Kit မှာတော့ မျက်နှာကာ ၂ ခုပါဝင်လာပါတယ်။ မျက်နှာကာအတွက် လျှော်နိုင်တဲ့ အိတ်တစ်ခုလည်း ထည့်သွင်းပေးထားပါတယ်။ မျက်နှာကာတွေကို ပိုလီယက်စတာနဲ့ ချည်ထည် ပေါင်းစပ်ဖန်တီးထားပါတယ်။ ဒါကြောင့် ရေလျှော်လိုက်ရင် အခြောက်မြန်သလို ဝတ်ဆင်ထားတဲ့အခါမှာလည်း မပူပါဘူး။ နားရွက်ချိတ်ကိုလည်း အလျော့အတင်းလုပ်နိုင်တယ်။

Adidas Face Covers (၁၆ ဒေါ်လာ)

Adidas မျက်နှာကာတွေက နူးညံ့ပြီး အသက်ရှုချောင်သလို ရေလျှော်နိုင်တယ်။ မျက်နှာကာကို ပြန်သန့်စင်ထားတဲ့ ပိုလီယက်စတာနဲ့ အယ်လက်စတင်းတို့နဲ့ ဖန်တီးထားပါတယ်။

Onezie Mindful Masks (၂၄ ဒေါ်လာ)

မျက်နှာကာဝတ်ပြီး ယောဂကစားမယ်ဆိုရင်တော့ Onezie အမှတ်တံဆိပ်ရှိပါတယ်။ Onzie အမှတ်တံဆိပ် မျက်နှာကာတွေ ဆွဲဆန့်နိုင်သလို အခြောက်မြန်ပါတယ်။

Koral Infinity Face Mask (၂၇ ဒေါ်လာ)

Koral မျက်နှာကာမှာတော့ ပိုးသေစေတဲ့ နည်းလမ်းတွေ အသုံးပြုထားပြီး ရေလျှော်တဲ့အခါ အခြောက်မြန်ပါတယ်။ ဒါ့အပြင် UV ကိုလည်း ကာကွယ်ပေးပါတယ်။

-စိုးထက်
Ref: CNET