ကျန်းမာရေးဝန်ထမ်းများကို အင်တာနက်ဒေတာနှင့် ဖုန်းပြောမိနစ်များ Mytel ထောက်ပံ့

ဆေးရုံ၊ ဆက်စပ်ကျန်းမာရေးလုပ်ငန်းခွင်တွေနဲ့ မြို့နယ်အသီးသီးမှာ ဖွင့်လှစ်ထားတဲ့ Quarantine ပြုလုပ်ထားတဲ့ နေရာတွေက ကျန်းမာရေးဝန်ထမ်းတွေကို အင်တာနက်ဒေတာနဲ့ Mytel အချင်းချင်းဖုန်း ခေါ်ဆိုနိုင်မယ့် ဖုန်းပြောမိနစ်တွေကို ထောက်ပံ့ခဲ့ကြောင်း Mytel Myanmar ရဲ့ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦး က ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်း အသီးသီးအတွက် အင်တာနက်ဒေတာ 5GB နဲ့ဖုန်းပြောမိနစ် ၂၀၀ အပြင် နှာခေါင်းစည်း၊ ရေမလိုလက်သန့်ဆေးရည်နဲ့ အခြားလိုအပ်တဲ့ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ “ကမ္ဘာလုံးဆိုင်ရာရောဂါကြီးကို မပျံ့နှံ့အောင် နေ့ရောညပါ အလုပ်လုပ်ပြီး အတတ်နိုင်ဆုံး ကာကွယ်ထိန်းချုပ် ကူညီနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်၊ အခုလိုအချိန်မျိုးမှာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မပြတ်သွားဖို့က အရမ်းအရေးကြီးနေတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေကို ပိုပံ့ပိုးပေးနိုင်ဖို့အတွက် ဆေးရုံတွေ၊ အခြား quarantine ပြုလုပ်ထားတဲ့ နေရာတွေမှာ တယ်လီကွန်းနဲ့ အင်တာနက်ဝန်ဆောင်မှုတွေ ပေးသွားဖို့ အဓိကရည်ရွယ်တာဖြစ်ပါတယ်” လို့ ၎င်းကဆက်ပြောခဲ့ပါတယ်။

-အောင်သက်ကို

သတင်းတွေကို စာဖတ်စရာမလိုဘဲ အသံပဲ နားထောင်နိုင်တဲ့ https://anchor.fm/internetjournal ရှိတယ်နော် . . .