
ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်လိုသူတွေ မဖြစ်မနေ အသုံးပြုသင့်တာက Fitness Tracker ထုတ်ကုန်တွေပဲ ဖြစ်ပါတယ်။ ခြေလှမ်းအရေအတွက်၊ နှလုံးခုန်နှုန်းနဲ့ အိပ်စက်မှု အရည်အသွေးတို့ကို ခြေရာခံပေးနိုင်ပါတယ်။ အခုလို ကပ်ရောဂါကာလအတွင်း ကျန်းမာနေဖို့ ဦးစားပေးကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် အကောင်းဆုံး Fitness Tracker ဝယ်ယူလိုသူတွေအတွက် အကြံဉာဏ်ရစေဖို့ အကောင်းဆုံးဆိုတဲ့ ထုတ်ကုန်တွေကို ဖော်ပြပေးလိုက်ပါတယ်။
Fitbit Charge 4
နည်းပညာကုမ္ပဏီကြီးတွေက Fitbit ရဲ့ထုတ်ကုန်အတိုင်း အတုယူ ဖန်တီးနေကြပါတယ်။ Fitbit ထုတ်ကုန်တွေက ဈေးသက်သာသလို ဒီဇိုင်းကလည်း ဆွဲဆောင်မှုရှိပြီး သက်သောင့်သက်သာရှိပါတယ်။ Charge 4 က အကောင်းဆုံးလို့ ဆိုနိုင်ပြီး GPS လည်းပါဝင်လာပါတယ်။
Fitbit Versa Lite Edition
Fitbit Versa Lite ကတော့ တစ်မူ ထူးခြားတဲ့ စမတ်နာရီဖြစ်ပြီး ဈေးနှုန်းလည်း သက်သာပါတယ်။ Android နဲ့ iPhone တွေနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ ဘက်ထရီ တာရှည်ခံပြီး အိပ်စက်မှုကို ခြေရာခံပေးတဲ့ အသေးစိတ်လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။
Letsfit Fitness Tracker
Letsfit စမတ်ကတော့ Fitbit Versa နဲ့ဆင်ပါတယ်။ ကွဲခြားချက်ကတော့ ပလတ်စတစ်နဲ့ပဲ ဖန်တီးထားပါတယ်။ နာရီမျက်နှာပြင်မှာ အခြေခံကျတဲ့ တိုင်းတာမှုတွေပါဝင်ပေမယ့် ဆွဲဆောင်မှုမရှိပါဘူး။
Apple Watch Series 6
Apple ဟာ မကြာသေးခင်က Series 6 နဲ့ SE တို့ကို မိတ်ဆက်ထားပါတယ်။ Series 6 ကတော့ အကောင်းဆုံး fitness tracker ဖြစ်ပြီး နှလုံးခုန်နှုန်းနဲ့ လုပ်ငန်းဆောင်တာ အမျိုးမျိုး ပြုလုပ်တာကို တိုင်းတာပေးပြီး သွေးအောက်ဆီဂျင်တိုင်းတာတဲ့ sensor လည်းပါဝင်ပါတယ်။ လက်ပတ်ကြိုးအသစ်နဲ့ case အရောင်သစ်လည်း ပါဝင်လာပါတယ်။
Oura Ring
Oura ကတော့ fitness tracker လက်စွပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ လက်စွပ်မှာ sensor တွေပါဝင်ပြီး algorithm ကလည်း စမတ်ဖြစ်သလို အလွယ်တကူ ကြည့်လို့ရပါတယ်။
Withings Move ECG
Withings စမတ်နာရီတွေမှာ အင်နာလော့နာရီမျက်နှာပြင် ပါဝင်ပါတယ်။ Move ECG နာရီကတော့ ဒီဂျစ်တယ်နာရီ မကြိုက်သူတွေအတွက် သင့်တော်ပါတယ်။ အိပ်စက်မှုကို အလိုအလျောက် တိုင်းတာပေးပြီး အလုပ်ဆောင်ရွက်တာကိုလည်း မှတ်တမ်းတင်ပေးပါတယ်။
Garmin Fenix 6S Pro
Garmin Fenix 6S Pro ကတော့ 6X Pro Solar နဲ့မတူပါဘူး။ 6X Pro Solar လိုမျိုး ဆိုလာအားသွင်းစနစ် မပါဝင်ပါဘူး။ Garmin 6X Pro မှာတော့ ဂြိုဟ်တုလမ်းညွှန်စနစ် ပါဝင်ပြီး အားကစားများအတွက် mode လည်း ပါဝင်လာပါတယ်။
Garmin Forerunner 645 Music
Garmin ကတော့ အတိကျဆုံး GPS နာရီတွေ ထုတ်လုပ်ပါတယ်။ Forerunner 935 ကတော့ ပေါ့ပါးသေးငယ်ပြီး နေ့အလင်းရောင်မှာလည်း အသုံးပြုနိုင်ပါတယ်။ နာရီက အနားယူမယ့်အချိန်နဲ့ အားဖြည့်မယ့်အချိန်ကို အကြံပေးပါတယ်။ သီချင်း ၅၀၀ အထိ သိမ်းဆည်းထားပေးပါတယ်။
Samsung Galaxy Watch Active
Samsung Galaxy S20 ကတော့ ရေနဲ့ ဖုန်ဒဏ်ခံနိုင်ရည်ရှိပြီး နှလုံးခုန်နှုန်းကို အဆက်မပြတ် တိုင်းတာပေးပါတယ်။
Suunto Suunto 7
Suunto ကုမ္ပဏီက ဒီနှစ်အတွင်း Suunto 7 စမတ်နာရီနဲ့ ပွဲထွက်လာပါတယ်။ Suunto ဟာ Google Wear OS စမတ်နာရီ platform အသုံးပြုထားတဲ့ အကောင်းဆုံးထုတ်ကုန် ဖြစ်ပါတယ်။
Garmin Instinct Solar
Garmin Instinct Solar မှာတော့ အိပ်စက်နေစဉ်မှာ သွေးအောက်ဆီဂျင်ကို တိုင်းတာဖို့ oximeter ပါဝင်လာပါတယ်။ Power Glass မျက်နှာပြင် ဆိုလာအားသွင်းစနစ်လည်း ပါဝင်လာပါတယ်။
-စိုးထက်
Ref: Wired
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««