ကျန်းမာရေးနှင့် ICT ခေါင်းစဥ်ဖြင့် ICT Talk Online panel discussion ပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ COVID-19 Second Wave ကို ခုခံကာကွယ် တိုက်ဖျက်ရာမှာ ရှေ့တန်းမှ တိုက်ပွဲဝင်နေသော ဆရာဝန်တွေ၊ ကျန်းမာရေးလုပ်သားတွေကို ICT နည်းပညာနဲ့ တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းပါဝင် ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံ ပြည်သူပြည်သားများ သိရှိအပ်တဲ့ COVID-19 နဲ့ပတ်သက်သော ရှောင်ရန် ဆောင်ရန် ကိစ္စရပ်များ၊ လိုက်နာရမယ့် တာဝန်ဝတ္တရားများအကြောင်းတွေကို ” ကျန်းမာရေးနှင့် ICT ” ခေါင်းစဉ်နဲ့ စုပေါင်း ဝိုင်းဝန်း ဆွေးနွေးကြမယ့် ICT Talk Online panel discussion ကို စက်တင်ဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ZOOM App မှတစ်ဆင့် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ panel discussion ကို MCIA-Yangon Facebook Page (https://www.facebook.com/MCIA.Yangon/) မှ တိုက်ရိုက် Live ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ Moderator အဖြစ် U Zayar Phyo @Jack Chen (MD/ Technovisions Co., Ltd) မှ ဦးဆောင်ဆွေးနွေးပေးမှာ ဖြစ်ပြီး Panelist တွေအဖြစ် Dr.Khin Khin Gyi (Director/Ministry of Health and Sports), Dr.Tin Aung Kyaw (Assistant Director/Yangon General Hospital), Dr.Tun Thura Thet (Founder & CEO/Myanmar Information Technology Pte Ltd),Dr.Htet Zan Linn (CEO/OnDoctor Company Limited) တို့မှ ပါဝင် ဆွေးနွေးကြမှာဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««