ကျန်းမာရေးနဲ့ ကိုယ်လက်ကြံ့ခိုင်ရေးအသားပေး ထုတ်ကုန် (၅) ခု

၂၀၂၀ ခုနှစ်ဟာ နှစ်သစ်တစ်ခု ဖြစ်သလို ဆယ်စုနှစ်တစ်ခုရဲ့ အစလည်းဖြစ်ပါတယ်။ နှစ်သစ်မှာ ကျန်းမာတဲ့ ဘဝနေထိုင်မှု ရယူလိုတဲ့ အသုံးဝင်မယ့် ကျန်းမာရေးထုတ်ကုန်တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

UPRIGHT GO 2

အခုထုတ်ကုန်ကတော့ သုံးစွဲသူရဲ့ core နဲ့ ကျောပုံစံမှန်အောင် ထိန်းသိမ်းပေးမှာ ဖြစ်ပါတယ်။ UPRIGHT GO 2 ကို ကျောဘက်မှာ တပ်ဆင်ရပြီး မသင့်တော်တဲ့ ကိုယ်နေဟန်ထားဖြစ်နေရင် သတိပေးမှာပါ။ အထိုင်များသူတွေ တစ်နေကုန်နီးပါး ထိုင်တာနဲ့ မတ်တတ်ရပ်တဲ့အခါ ခန္ဓာကိုယ်အနေအထား ခပ်မတ်မတ်ဖြစ်အောင် လေ့ကျင့်ပေးမှာပါ။ ထုတ်ကုန်နဲ့ တွဲဖက်အသုံးပြုရတဲ့ app မှာ အချိန်နဲ့အမျှ တိုးတက်မှုကို ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၉.၉၅ ဖြစ်ပါတယ်။

Smart Nora

လည်ပင်းပျော့ပျောင်းနေချိန် အိပ်စက်တဲ့အခါ ဟောက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ Smart Nora ကတော့ အသက်ရှူမှုပုံစံကို ခြေရာခံပေးတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ ဟောက်တာကို ဖြစ်ပေါ်နိုင်တဲ့ အစောပိုင်းလက္ခဏာကို Smart Nora ကခြေရာခံပေးပါတယ်။ အိပ်စက်သူကို အနှောင့်အယှက် မဖြစ်စေဘဲ လည်ပင်းကြွက်သားတွေကို နှိုးဆွဖို့အတွက် ထုတ်ကုန်ကို တုန်ခါပေးပြီး ဟောက်တာကို ရပ်တန့်စေပါတယ်။ ဈေးနှုန်းကတော့ ၃၅၉ ဒေါ်လာ ကျသင့်ပါမယ်။

EyeQue VisionCheck

EyeQue VisonCheck နဲ့မျက်စိကျန်းမာရေးကို ကိုယ်တိုင် စစ်ဆေးနိုင်ပါတယ်။ မျက်စိဆရာဝန်နဲ့ ပြသတဲ့အခါ EyeQue နဲ့စမ်းသပ်ထားတဲ့ ရလဒ်တွေ အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၆၉ ဒေါ်လာ ဖြစ်ပါတယ်။

ionbox Negative Ion Generator

အနာဂတ်မှာ လေထုညစ်ညမ်းမှုက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ ကိုယ်ပိုင်နေအိမ်ထဲမှာ အန္တရာယ်ဖြစ်စေတဲ့ အမှုန်အမွှားတွေရှိနေပါတယ်။ ionbox Negative Ion Genrator ကတော့ မီးခိုး၊ ဘက်တီးရီးယား၊ အလာ့ဂျစ်ဖြစ်စေတဲ့အရာတွေနဲ့ ဝတ်မှုန်တွေလိုမျိုး အရာတွေကို ဖယ်ရှားပေးပြီး လေသန့်စင်ပေးနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၇၄.၉၅ ဒေါ်လာဖြစ်ပါတယ်။

FOCI: Focus-Boosting Wearable

နေ့စဉ်ရက်ဆက် အလုပ်တွေများလာတဲ့အခါ ခေါင်းထဲ အတွေးတွေက ဆက်လက်ကျန်နေသေးပြီး အလုပ်တစ်ခုအပေါ် အာရုံစူးစိုက်ဖို့ ခက်ခဲတတ်ပါတယ်။ FOCI ဟာ လက်ပတ်ထုတ်ကုန် ဖြစ်ပြီး အသက်ရှူမှုပုံစံကို ခြေရာခံကာ အာရုံစိုက်မှုကို စောင့်ကြည့်ပေးပါတယ်။ FOCI ရဲ့ app ထဲမှာ အရောင်ပြောင်းလဲတဲ့ စက်လုံးတစ်ခုနဲ့ သတိပေးသွားပါမယ်။ ဈေးနှုန်းကတော့ ၁၁၉ ဒေါ်လာ ဖြစ်ပါတယ်။

-စိုးထက်
Ref: AndroidCentral