ကျန်းမာရေးဌာနအတွက် Portal ထုတ်ကုန် ၂,၀၀၀ ကျော်လှူဒါန်းသွားမယ့် Facebook

ယူကေကျန်းမာရေးအာဏာပိုင်တွေက ဆေးရုံ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ နေအိမ်နဲ့ အခြားနေရာတွေမှာ ဗီဒီယိုခေါ်ဆိုနိုင်တဲ့ Portal ထားရှိနိုင်ဖို့ Facebook နဲ့ပူးပေါင်းသွားပါမယ်။

Facebook ကဆာရေးမှာ ရှေ့ပြေးအစီအစဉ်စတင်ဖို့ Portal ၂,၀၅၀ ကိုလှူဒါန်းခဲ့ပြီး မန်ချက်စတာ၊ နယူးကာဆယ်၊ လန်ဒန်နဲ့ အခြားဧရိယာတွေအထိ တိုးချဲ့ထောက်ပံ့သွားပါမယ်။ လူတွေဟာ ကပ်ရောဂါအတွင်းမှာ ချစ်ခင်ရတဲ့သူတွေနဲ့ ဆက်သွယ်ဖို့ Portal ကိုအသုံးပြုနိုင်ပါမယ်။ ဒါ့အပြင် ဆေးရုံက ဝန်ထမ်းတွေက အဝေးက အလုပ်လုပ်နေသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ပြီး telehealth ထောက်ပံ့မှုကို ပေးနိုင်ပါတယ်။

နည်းပညာအသားပေး NHSX အေဂျင်စီကလည်း အခုသတင်းကို ထုတ်ပြန်ခဲ့ပါတယ်။ Facebook ကတည်‌ဆောက်ခဲ့တဲ့ Portal ကချစ်ခင်ရတဲ့သူတွေနဲ့ ရှိပြီး အလွယ်တကူချိတ်ဆက်နိုင်အောင် ပြုလုပ်ထားကြောင်း၊ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါနဲ့ လူစုလူဝေးရှောင်ကြဉ်ရေး ဆောင်ရွက်ချက်တွေနဲ့အတူ အမြဲချိတ်ဆက်ထားမှု ပိုမိုအရေးပါလာတယ်လို့ Facebook ကျန်းမာရေးနည်းပညာ အကြီးအကဲ ဖရက်ဒီအက်နူစီကပြောခဲ့ပါတယ်။

၂၀၁၈ခုနှစ်မှာ စတင်ဖြန့်ချိခဲ့တဲ့ Portal ကိုသီးသန့်ထုတ်ကုန် အဖြစ်ဖြန့်ချိခဲ့ကာ Facebook, Messenger နဲ့ WhatsApp ကတစ်ဆင့် ဗီဒီယိုခေါ်ဆိုမှုတွေ လုပ်နိုင်ပါတယ်။

-စိုးထက်
Ref: TheVerge