ကောင်းမွန်သည့် ဆိုင်ပတ်ဝန်းကျင် ဖန်တီးပေးနိုင်မည့် Safe Store ကမ်ပိန်းပြုလုပ်ခဲ့ပြီး ပါဝင်မည့်သူများ သတ်မှတ်ချက်နှင့်အညီ ပြုလုပ်နေကြောင်း Viber သို့ ဓာတ်ပုံပေးပို့်ရမည်

ဈေးဝယ်သူများ ဆိုင်မှာ စိတ်ချလက်ချ လာရောက်ဈေးဝယ်နိုင်ဖို့ အတွက် မြန်မာနိုင်ငံတစ်ဝှမ်းမှ လက်လီဆိုင်ရှင်တွေ အနေနဲ့ ကျန်းမာသန့်ရှင်းတဲ့ ဆိုင်ပတ်ဝန်းကျင် ဖန်တီးပေးရင်း ‘Safe Store ကမ်ပိန်း’ အစီအစဉ်မှာ ပါဝင်ဖို့အတွက် ဖိတ်ခေါ်ထားပါတယ်။

အဆိုပါ ကမ်ပိန်းကို ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၂၃ ရက် မှ ၂၀၂၁ မတ်လ ၃၁ ရက်အထိ ပြုလုပ်ထားပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ လက်လီ အရောင်းဆိုင်များမှာ ဈေးဝယ်သူများ အတွက် ကျန်းမာသန့်ရှင်းတဲ့ ဆိုင်ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန် ကြီးဌာနက ချမှတ်ထားတဲ့ကျန်းမာ ရေးဆိုင်ရာဘေးကင်းရေးသတ်မှတ်ချက်များနဲ့ အညီ လိုက်နာဖို့ နှိုးဆော်အားပေးသွားမယ့် အစီအစဉ် ဖြစ်တယ်လို့ သိရပါတယ်။

Safe Store ကမ်ပိန်းအစီအစဉ်မှာ ပါဝင်ဖို့အတွက် https://bit.ly/3oBZBDC မှတစ်ဆင့် သတ်မှတ်ချက်တွေနဲ့ လမ်းညွှန် ချက်တွေကို ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပါဝင်မယ့်သူ အနေနဲ့ မိမိဆိုင်မှာ သတ်မှတ်ချက်များ အားလုံးနဲ့ အညီ ဆောင်ရွက်နေကြောင်းကို ဓာတ်ပုံ များရိုက်ပြီး Viber နံပါတ် +၉၅၉၄၅၇၆၉၄၂၄၇ သို့ ဓာတ်ပုံ ၁၀ ပုံထက် မကျော်ဘဲ ပေးပို့ရမှာ ဖြစ်ပါတယ်။ ပေးပို့တဲ့အခါ စတိုး ဆိုင်အမည်၊ လိပ်စာ၊ အမည်နဲ့ ဖုန်း နံပါတ်တွေကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

သတ်မှတ်ချက်တွေနဲ့ အညီ ရာနှုန်းပြည့် လိုက်နာနေတဲ့ ဆိုင်တွေကို Certificate နဲ့ Banner များ ပေးအပ်သွားမှာဖြစ်ပြီး ကမ်ပိန်းကာလပြီးဆုံးသည် အထိ သတ် မှတ်ချက်တွေကိုလိုက်နာတဲ့ ဆိုင်များ ကိုမူ အစီအစဉ်အား ပံ့ပိုးနေတဲ့ ကုမ္ပဏီများမှ ထုတ်ကုန်တွေကို လက်ဆောင်အဖြစ် ပေးအပ်သွား မှာဖြစ်တယ်လို့ သိရပါတယ်။ ကမ် ပိန်းမှာပါဝင်တဲ့အခါ လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ လမ်းညွှန်ချက် အသေးစိတ်ကို https://bit.ly/2LgLxRy မှာ ဝင်ရောက် ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်ကို မြန် မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ စီစဉ်ပြီး Aya Pay, Coca-Cola Myanmar, Nestle Myanmar နဲ့ Unilever Myanmar တို့မှ ပံ့ပိုးကူညီပေးထားတာ ဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««