ကေလးတြ ေသဆုံးၿပီးတဲ့ေနာက္ ဗီဒီယိုဂိမ္းအမ်ားအျပားကို ေဆာ္ဒီအာေရဗ် ပိတ္ပင္

[ Zawgyi ]

အြန္လိုင္းဂိမ္းတစ္ခုက အားေပးအားေျမႇာက္ျပဳလုပ္တဲ့အတြက္ ကေလးႏွစ္ေယာက္က ကုိယ့္ကုိယ္ကုိ အဆုံးစီရင္ခဲ့တဲ့ ျဖစ္ရပ္အၿပီး နာမည္ေက်ာ္ဂိမ္းအမ်ားစုကို ပိတ္ပင္လိုက္တယ္လို႔ ေဆာ္ဒီအာေရဗ်အာဏာပုိင္ေတြက ထုတ္ျပန္ခဲ့ပါတယ္။

ေဆာ္ဒီအာေရဗ်ႏိုင္ငံရဲ႕ Audio-Visual Media အေထြေထြေကာ္မရွင္က ‘Grand Theft Auto V’, ‘Assasins Creed 2 နဲ႔ ‘Witcher’ အပါအဝင္ ဂိမ္း ၄၇ ခုကို စည္းမ်ဥ္းစည္းကမ္းခ်ိဳးေဖာက္မႈနဲ႔ ဇူလုိင္ ၁၆ ရက္ (တနလၤာေန႔) က ပိတ္ပင္လိုက္တာ ျဖစ္ပါတယ္။

အသက္ ၁၃ ႏွစ္အရြယ္ မိန္းကေလးနဲ႔ ၁၂ ႏွစ္အရြယ္ ေယာက်္ားေလးတို႔ဟာ Blue Whale လို႔ေခၚတဲ့ လူမႈေရးမီဒီယာဂိမ္းကစားအၿပီး ကုိယ့္ကုိယ္ကို အဆုံးစီရင္ခဲ့တဲ့အတြက္ ေဆာ္ဒီအာဏာပုိင္ေတြက ဂိမ္းေတြကုိ တားျမစ္ပိတ္ပင္လိုက္တာ ျဖစ္ပါတယ္။ ဂိမ္းေအဂ်င္စီေတြကေတာ့ ေသဆုံးမႈနဲ႔ ပတ္သက္တဲ့ အေၾကာင္းကို မထုတ္ျပန္ခဲ့ပါဘူး။

Blue Whale Challenge မွာပါဝင္သူေတြဟာ လုပ္ငန္းေဆာင္တာအမ်ိဳးမ်ိဳး ျပဳလုပ္ရၿပီး ေနာက္ဆုံးမွာ ကုိယ့္ကုိယ္ကုိ အဆုံးစီရင္ဖို႔ ဖိအားေပးခံရတယ္လို႔ သိရပါတယ္။

စိုးထက္
Ref: HollywoodReporter

[ Unicode ]

အွန်လိုင်းဂိမ်းတစ်ခုက အားပေးအားမြှောက်ပြုလုပ်တဲ့အတွက် ကလေးနှစ်ယောက်က ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ ဖြစ်ရပ်အပြီး နာမည်ကျော်ဂိမ်းအများစုကို ပိတ်ပင်လိုက်တယ်လို့ ဆော်ဒီအာရေဗျအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံရဲ့ Audio-Visual Media အထွေထွေကော်မရှင်က ‘Grand Theft Auto V’, ‘Assasins Creed 2 နဲ့ ‘Witcher’ အပါအဝင် ဂိမ်း ၄၇ ခုကို စည်းမျဉ်းစည်းကမ်းချိုးဖောက်မှုနဲ့ ဇူလိုင် ၁၆ ရက် (တနင်္လာနေ့) က ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

အသက် ၁၃ နှစ်အရွယ် မိန်းကလေးနဲ့ ၁၂ နှစ်အရွယ် ယောကျ်ားလေးတို့ဟာ Blue Whale လို့ခေါ်တဲ့ လူမှုရေးမီဒီယာဂိမ်းကစားအပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့အတွက် ဆော်ဒီအာဏာပိုင်တွေက ဂိမ်းတွေကို တားမြစ်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ ဂိမ်းအေဂျင်စီတွေကတော့ သေဆုံးမှုနဲ့ ပတ်သက်တဲ့ အကြောင်းကို မထုတ်ပြန်ခဲ့ပါဘူး။

Blue Whale Challenge မှာပါဝင်သူတွေဟာ လုပ်ငန်းဆောင်တာအမျိုးမျိုး ပြုလုပ်ရပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ဖိအားပေးခံရတယ်လို့ သိရပါတယ်။

စိုးထက်
Ref: HollywoodReporter