ကလေးစာပေပွဲတော်ရန်ကုန်ဖွင့်ပွဲကျင်းပ

ကလေးစာပေပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၆ ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း နံနက် ၉ နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကလေးတွေအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာပေဟောပြောပွဲ၊ စာပေဆွေးနွေးပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ဂိမ်းကစားပွဲ အစရှိတာတွေကို ထည့်သွင်းပေးထားပါတယ်။ ဂိမ်းကစားတဲ့ပွဲတွေမှာဆိုရင် Team Building လို့ခေါ်တဲ့ အဆောက်အဦ ဆောက်လုပ်တဲ့ကစားနည်း၊ Science Fair လို့ခေါ်တဲ့ သိပ္ပံနည်းပညာနဲ့ ပတ်သက်တဲ့ ကစားနည်း၊ အရုပ်ဆက်ကစားနည်း၊ စကားပုံစပ် ကစားနည်း၊ အိမ်ဆောက်လုပ်တမ်း ကစား နည်းစတဲ့ ကစားနည်းငါးမျိုးနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ ထည့်သွင်းထားပါတယ်။ ကလေးတွေ စိတ်ဝင်စားစေမယ့် အကြောင်းအရာ၊ စာအုပ်ခင်းကျင်းပြသထားမှုများ အပြင် ကျောင်းစာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ထားမှာဖြစ်ပြီး စာအုပ်ဈေးရောင်းပွဲတော်က စာအုပ်အရောင်း ဆိုင်တွေနဲ့လည်း ချိတ်ဆက်ထားပါတယ်။

ကလေးစာပေပွဲတော်ကို ရန်ကုန်တွင် နံနက် ၉နာရီကနေ ည ၈ နာရီအထိ ၃ ရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

– ဝေဝေ