ကေလးငယ္ေတြအတြက္ 4G စမတ္နာရီတစ္မ်ိဳး မိတ္ဆက္လိုက္တဲ့ Xiaomi

[ Zawgyi ]

Xiaomi ဟာ ကေလးငယ္ေတြအတြက္ စမတ္နာရီတစ္မ်ိဳးကို ပြဲထုတ္မိတ္ဆက္ခဲ့ပါတယ္။ Mi Bunny Watch 3 လို႔ေခၚတဲ့ Xiaomi စမတ္နာရီမွာ 4G LTE အေထာက္အပံ့နဲ႔ nano SIM slot တစ္ခု ပါဝင္ပါတယ္။ အဲ့ဒီစမတ္နာရီဟာ အလြန္ေပါ့ပါးၿပီး အေလးခ်ိန္ ၅၁ ဂရမ္သာ ရိွပါတယ္။ Display က AMOLED ျဖစ္ၿပီး 2MP HD ကင္မရာတစ္ခု ပါဝင္ပါတယ္။

Mi Bunny Watch 3 ရဲ႕ display အရြယ္အစားက ၁.၄၁ လက္မျဖစ္ၿပီး 2.5D Gorilla Glass နဲ႔ ကာကြယ္ထားပါတယ္။ Resolution က 320 x 360 pixels ပါ။ 140mm-220mm ရာဘာလက္ပတ္ႀကိဳးကို ပန္းေရာင္၊ အျပာေရာင္တို႔နဲ႔ ရရိွႏိုင္ပါတယ္။ ကင္မရာနဲ႔ တြဲဖက္သံုးဖို႔အတြက္ app တစ္ခုပါဝင္ပါတယ္။ ဒီစမတ္နာရီမွာ GPS/A-GPS ပါဝင္ၿပီး သက္ဆိုင္ရာ app ေတြနဲ႔ခ်ိတ္ဆက္ကာ အလြယ္တကူေျခရာခံႏိုင္ပါတယ္။

ဘက္ထရီကို နာရီ ၃၀ ၾကာ အသံုးျပဳႏိုင္ၿပီး မိနစ္ ၅၀ အတြင္း အားသြင္းေပးႏိုင္ပါတယ္။ ဘက္ထရီပမာဏကိုေတာ့ Xiaomi က မထုတ္ျပန္ခဲ့ပါဘူး။ Mi Bunny Watch 3 ရဲ႕ ေရစိုခံအဆင့္ကေတာ့ IPX7 ျဖစ္ပါတယ္။

တန္ဖိုးက ၅၉၉ ယြမ္ (ေဒၚလာ ၉၀ ဝန္းက်င္) ျဖစ္ၿပီး Mi Mall, TMall, Suning နဲ႔ JD.com တို႔ကေန ဝယ္ယူႏိုင္ပါတယ္။

Ref: GSMArena

[ Unicode ]

Xiaomi ဟာ ကလေးငယ်တွေအတွက် စမတ်နာရီတစ်မျိုးကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ Mi Bunny Watch 3 လို့ခေါ်တဲ့ Xiaomi စမတ်နာရီမှာ 4G LTE အထောက်အပံ့နဲ့ nano SIM slot တစ်ခု ပါဝင်ပါတယ်။ အဲ့ဒီစမတ်နာရီဟာ အလွန်ပေါ့ပါးပြီး အလေးချိန် ၅၁ ဂရမ်သာ ရှိပါတယ်။ Display က AMOLED ဖြစ်ပြီး 2MP HD ကင်မရာတစ်ခု ပါဝင်ပါတယ်။

Mi Bunny Watch 3 ရဲ့ display အရွယ်အစားက ၁.၄၁ လက်မဖြစ်ပြီး 2.5D Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။ Resolution က 320 x 360 pixels ပါ။ 140mm-220mm ရာဘာလက်ပတ်ကြိုးကို ပန်းရောင်၊ အပြာရောင်တို့နဲ့ ရရှိနိုင်ပါတယ်။ ကင်မရာနဲ့ တွဲဖက်သုံးဖို့အတွက် app တစ်ခုပါဝင်ပါတယ်။ ဒီစမတ်နာရီမှာ GPS/A-GPS ပါဝင်ပြီး သက်ဆိုင်ရာ app တွေနဲ့ချိတ်ဆက်ကာ အလွယ်တကူခြေရာခံနိုင်ပါတယ်။

ဘက်ထရီကို နာရီ ၃၀ ကြာ အသုံးပြုနိုင်ပြီး မိနစ် ၅၀ အတွင်း အားသွင်းပေးနိုင်ပါတယ်။ ဘက်ထရီပမာဏကိုတော့ Xiaomi က မထုတ်ပြန်ခဲ့ပါဘူး။ Mi Bunny Watch 3 ရဲ့ ရေစိုခံအဆင့်ကတော့ IPX7 ဖြစ်ပါတယ်။

တန်ဖိုးက ၅၉၉ ယွမ် (ဒေါ်လာ ၉၀ ဝန်းကျင်) ဖြစ်ပြီး Mi Mall, TMall, Suning နဲ့ JD.com တို့ကနေ ဝယ်ယူနိုင်ပါတယ်။

Ref: GSMArena