ကုိယ္ပုိင္သတင္းအစီအစဥ္ေတြ လႊင့္ႏိုင္ရန္ မီဒီယာအဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းလိုက္တဲ့ Facebook

[Zawgyi]

Facebook ဟာ ၿပီးခဲ့တဲ့ႏွစ္က အ႐ႈပ္ေတာ္ပုံမ်ားစြာနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ ၂၀၁၆ ခုႏွစ္ အေမရိကန္သမၼတေရြးေကာက္ပြဲအၿပီးမွာ လူေတာ္ေတာ္မ်ားမ်ားက လူမႈေရးမီဒီယာေတြေပၚက သတင္းမွားျဖန္႔ေဝမႈနဲ႔ ေရြးေကာက္ပြဲရလဒ္ေတြ တိမ္းေစာင္းႏို္င္မႈအေပၚ စိုးရိမ္ေနခဲ့ၾကပါတယ္။ Facebook က သတင္းမွားပ်ံ႕ႏွံ႔မႈျပႆနာကို ေျဖရွင္းဖို႔ နည္းလမ္းေပါင္းမ်ားစြာ အသုံးျပဳခဲ့ပါတယ္။ အခုဆိုရင္ Facebook အေနနဲ႔ ကုိယ္ပုိင္ ဗီဒီယိုဝန္ေဆာင္မႈ Watch မွာ သတင္းအစီအစဥ္ေတြ ထုတ္လႊင့္ဖုိ႔ CNN, ABC, Fox News အပါအဝင္ သတင္းမီဒီယာမ်ားစြာနဲ႔ ပူးေပါင္းလိုက္ပါတယ္။

အခုအစီအစဥ္မွာ ပူးေပါင္းပါဝင္တဲ့ အျခားသတင္းအဖြဲ႕အစည္းေတြက Advance Local, Mic နဲ႔ Unvision တို႔ျဖစ္ၿပီး အဲဒီစီမံကိန္းအားလုံးကို Facebook က ေငြေၾကးေထာက္ပ့ံသြားမွာ ျဖစ္ပါတယ္။ အခုအစီအစဥ္ေတြမွာ ၾကားျဖတ္သတင္းအမ်ိဳးမ်ိဳး၊ ေန႔စဥ္သတင္းအက်ဥ္းခ်ဳပ္နဲ႔ သတင္းရွည္ေတြကို ပါဝင္တင္ဆက္သြားမွာ ျဖစ္ပါတယ္။

အဲဒီပူးေပါင္းမႈစီမံကိန္းကို ဦးေဆာင္သူက ကမ႓ာလုံးဆိုင္ရာ သတင္းပုိင္းပူးေပါင္းမႈ အႀကီးအကဲအျဖစ္ မႏွစ္က Facebook ကို ေရာက္ရွိလာတဲ့ ကမ္းဘဲလ္ဘေရာင္းဆုိသူ ျဖစ္ပါတယ္။ ကမ္းဘဲလ္ဘေရာင္းဟာ CNN အစီအစဥ္တင္ဆက္သူနဲ႔ NBC News သတင္းေထာက္အျဖစ္လည္း လုပ္ကုိင္ခဲ့ဖူးပါတယ္။

“ရည္မွန္းခ်က္ကေတာ့ ပရိသတ္နဲ႔ ထိေတြ႕ဖို႔ နည္းလမ္းသစ္ေတြနဲ႔ format ေတြကို စတင္စမ္းသပ္ဖုိ႔ပဲ ျဖစ္ပါတယ္။ ဒါဟာ Facebook အတြက္ ထူးျခားပါတယ္” လို႔ ဘေရာင္းက CNN Money ကို ေျပာၾကားခဲ့ပါတယ္။

ဆက္လက္ၿပီး တီဗီသတင္းေတြက႐ုပ္ပုံေတြကို လူမႈကြန္ရက္မွာ ထည့္သြင္းတာထက္ “Facebook ရဲ႕ feature ေတြကုိ အက်ိဳးရွိရွိ အသုံးျပဳၿပီး သတင္းနဲ႔ လူေတြကို ထိေတြ႕ဆက္သြယ္သြားမယ္” ဆိုၿပီး စီမံကိန္းရဲ႕ ဦးတည္ခ်က္ကုိ ဘေရာင္းကေျပာခဲ့ပါတယ္။

တခ်ိဳ႕မီဒီယာအဖြဲ႕အစည္းေတြက သူတို႔ရဲ႕ အစီအစဥ္ေတြကို တစ္ႏွစ္တိတိ ထုတ္လုပ္ဖို႔ Facebook ကုိ ေငြေၾကး ေထာက္ပံ့ထားတယ္လို႔ CNN Money ကို သတင္းရင္းျမစ္တစ္ခုက ေျပာပါတယ္။ သတင္းမီဒီယာတခ်ိဳ႕အတြက္ အခုအစီအစဥ္ဟာ ဗီဒီယိုဂ်ာနယ္လစ္ဇင္ကို ဒီဂ်စ္တယ္ေခတ္မွာ ရွင္သန္ေအာင္ ျပဳလုပ္ႏိုင္မယ့္ အခြင့္အေရးတစ္ရပ္အျဖစ္ ရႈျမင္ၾကပါတယ္။

စိုးထက္
Ref: Fortune

 

[Unicode]

Facebook ဟာ ပြီးခဲ့တဲ့နှစ်က အရှုပ်တော်ပုံများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအပြီးမှာ လူတော်တော်များများက လူမှုရေးမီဒီယာတွေပေါ်က သတင်းမှားဖြန့်ဝေမှုနဲ့ ရွေးကောက်ပွဲရလဒ်တွေ တိမ်းစောင်းနို်င်မှုအပေါ် စိုးရိမ်နေခဲ့ကြပါတယ်။ Facebook က သတင်းမှားပျံ့နှံ့မှုပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းပေါင်းများစွာ အသုံးပြုခဲ့ပါတယ်။ အခုဆိုရင် Facebook အနေနဲ့ ကိုယ်ပိုင် ဗီဒီယိုဝန်ဆောင်မှု Watch မှာ သတင်းအစီအစဉ်တွေ ထုတ်လွှင့်ဖို့ CNN, ABC, Fox News အပါအဝင် သတင်းမီဒီယာများစွာနဲ့ ပူးပေါင်းလိုက်ပါတယ်။

အခုအစီအစဉ်မှာ ပူးပေါင်းပါဝင်တဲ့ အခြားသတင်းအဖွဲ့အစည်းတွေက Advance Local, Mic နဲ့ Unvision တို့ဖြစ်ပြီး အဲဒီစီမံကိန်းအားလုံးကို Facebook က ငွေကြေးထောက်ပ့ံသွားမှာ ဖြစ်ပါတယ်။ အခုအစီအစဉ်တွေမှာ ကြားဖြတ်သတင်းအမျိုးမျိုး၊ နေ့စဉ်သတင်းအကျဉ်းချုပ်နဲ့ သတင်းရှည်တွေကို ပါဝင်တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အဲဒီပူးပေါင်းမှုစီမံကိန်းကို ဦးဆောင်သူက ကမ႓ာလုံးဆိုင်ရာ သတင်းပိုင်းပူးပေါင်းမှု အကြီးအကဲအဖြစ် မနှစ်က Facebook ကို ရောက်ရှိလာတဲ့ ကမ်းဘဲလ်ဘရောင်းဆိုသူ ဖြစ်ပါတယ်။ ကမ်းဘဲလ်ဘရောင်းဟာ CNN အစီအစဉ်တင်ဆက်သူနဲ့ NBC News သတင်းထောက်အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။

“ရည်မှန်းချက်ကတော့ ပရိသတ်နဲ့ ထိတွေ့ဖို့ နည်းလမ်းသစ်တွေနဲ့ format တွေကို စတင်စမ်းသပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ Facebook အတွက် ထူးခြားပါတယ်” လို့ ဘရောင်းက CNN Money ကို ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး တီဗီသတင်းတွေကရုပ်ပုံတွေကို လူမှုကွန်ရက်မှာ ထည့်သွင်းတာထက် “Facebook ရဲ့ feature တွေကို အကျိုးရှိရှိ အသုံးပြုပြီး သတင်းနဲ့ လူတွေကို ထိတွေ့ဆက်သွယ်သွားမယ်” ဆိုပြီး စီမံကိန်းရဲ့ ဦးတည်ချက်ကို ဘရောင်းကပြောခဲ့ပါတယ်။

တချို့မီဒီယာအဖွဲ့အစည်းတွေက သူတို့ရဲ့ အစီအစဉ်တွေကို တစ်နှစ်တိတိ ထုတ်လုပ်ဖို့ Facebook ကို ငွေကြေး ထောက်ပံ့ထားတယ်လို့ CNN Money ကို သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ သတင်းမီဒီယာတချို့အတွက် အခုအစီအစဉ်ဟာ ဗီဒီယိုဂျာနယ်လစ်ဇင်ကို ဒီဂျစ်တယ်ခေတ်မှာ ရှင်သန်အောင် ပြုလုပ်နိုင်မယ့် အခွင့်အရေးတစ်ရပ်အဖြစ် ရှုမြင်ကြပါတယ်။

စိုးထက်
Ref: Fortune