ကုမၸဏီေပါင္း ၆၀ ေက်ာ္အတြက္ Facebook က သုံးစြဲသူအခ်က္အလက္ေတြ ရယူခြင့္ျပဳထားဟုဆို

[ Zawgyi ]

Facebook ဟာ ထုတ္ကုန္ဖန္တီးတဲ့ ကုမၸဏီ ၆၀ နဲ႔ အခ်က္အလက္ ေဝမွ်ေပးဖို႔ သေဘာတူညီခ်က္ ရယူထားတယ္လုိ႔ The New York Times ကေဖာ္ျပခဲ့ပါတယ္။

Apple, Amazon, Samsung နဲ႔ Microsoft တို႔ပါဝင္တဲ့ ကုမၸဏီေတြက အခ်က္အလက္ ေဝမွ်ေပးဖုိ႔အတြက္ ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္း Facebook နဲ႔ပူးေပါင္းထားပါတယ္၊ ဒါေပမဲ့ Facebook က အဲဒီလိုမ်ိဳး သတင္းအခ်က္အလက္ေတြကို ေဝမွ်ထားျခင္း မရွိဘူးလို႔ ေျပာၾကားထားေပမယ့္လည္း ျပည့္စုံတဲ့ သေဘာတူညီခ်က္ မပါဘဲ သုံးစြဲသူေတြရဲ႕ သူငယ္ခ်င္းေတြ အခ်က္အလက္ေတြကို ထုတ္ကုန္ထုတ္လုပ္သူေတြဆီ ခြင့္ျပဳထားပါတယ္။

ခြင့္ျပဳခ်က္မရွိဘဲ သုံးစြဲသူရဲ႕ သူငယ္ခ်င္းေတြပုိင္ဆိုင္တဲ့ သတင္းအခ်က္အလက္ေတြကို ေဝမွ်ထားျခင္းမရွိဘူးလို႔ Facebook က The New York Times ရဲ႕သတင္းအေပၚ ျငင္းဆုိတုံ႔ျပန္တဲ့ ထုတ္ျပန္ခ်က္ ေၾကညာခဲ့ပါတယ္။ အခ်က္အလက္ေဝမွ်မႈဟာ ၂၀၁၂ ခုႏွစ္ အေစာပုိင္းမွာ ျဖစ္ပြားခဲ့တဲ့ ျပႆနာတစ္ခုပါ။

“အဲဒီကိစၥကို ကုမၸဏီထဲမွာ တစ္ကိုယ္ေရသုံးစြဲမႈ ျပႆနာတစ္ခုအျဖစ္ သတ္မွတ္ခဲ့ပါတယ္။ ေျခာက္ႏွစ္အၾကာမွာေတာင္ အခု အစဥ္အလာ ရွိေနေသးပါတယ္။ အခုကိစၥက သုံးစြဲသူရဲ႕ သူငယ္ခ်င္းေတြအားလုံးရဲ႕ permission ေတြ disable လုပ္ထားတယ္လုိ႔ ကြန္ဂရက္က Facebook ထြက္ဆိုခ်က္နဲ႔ ကြဲလြဲေနပါတယ္” လို႔ Facebook ရဲ႕ privacy အပုိင္းကို ဦးေဆာင္ခဲ့ဖူးတဲ့ ဆန္ဒီပါရာကီလက္စ္က ေျပာခဲ့ပါတယ္။

ထုတ္ကုန္ထုတ္လုပ္သူတခ်ိဳ႕ဟာ သုံးစြဲသူ အခ်က္အလက္ေတြျဖစ္တဲ့ ဆက္ဆံေရးအေျခအေန၊ ဘာသာေရး၊ ႏိုင္ငံေရးတိမ္းညႊတ္မႈနဲ႔ ပြဲေတြလိုမ်ိဳး အခ်က္အလက္ေတြကို ရယူနိုင္လို႔ New York Times ကေဖာ္ျပခဲ့ပါတယ္။ သုံးစြဲသူရဲ႕ သူငယ္ခ်င္းေတြပုိင္ဆိုင္တဲ့ အခ်က္အလက္ေတြ ေဝမွ်မႈကို ပိတ္ထားရင္ေတာင္ အခ်က္အလက္ေတြကို ရယူႏိုင္တယ္လုိ႔ သိရပါတယ္။

စိုးထက္
Ref: BusinessInsider

[ Unicode ]

Facebook ဟာ ထုတ်ကုန်ဖန်တီးတဲ့ ကုမ္ပဏီ ၆၀ နဲ့ အချက်အလက် ဝေမျှပေးဖို့ သဘောတူညီချက် ရယူထားတယ်လို့ The New York Times ကဖော်ပြခဲ့ပါတယ်။

Apple, Amazon, Samsung နဲ့ Microsoft တို့ပါဝင်တဲ့ ကုမ္ပဏီတွေက အချက်အလက် ဝေမျှပေးဖို့အတွက် ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း Facebook နဲ့ပူးပေါင်းထားပါတယ်၊ ဒါပေမဲ့ Facebook က အဲဒီလိုမျိုး သတင်းအချက်အလက်တွေကို ဝေမျှထားခြင်း မရှိဘူးလို့ ပြောကြားထားပေမယ့်လည်း ပြည့်စုံတဲ့ သဘောတူညီချက် မပါဘဲ သုံးစွဲသူတွေရဲ့ သူငယ်ချင်းတွေ အချက်အလက်တွေကို ထုတ်ကုန်ထုတ်လုပ်သူတွေဆီ ခွင့်ပြုထားပါတယ်။

ခွင့်ပြုချက်မရှိဘဲ သုံးစွဲသူရဲ့ သူငယ်ချင်းတွေပိုင်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ဝေမျှထားခြင်းမရှိဘူးလို့ Facebook က The New York Times ရဲ့သတင်းအပေါ် ငြင်းဆိုတုံ့ပြန်တဲ့ ထုတ်ပြန်ချက် ကြေညာခဲ့ပါတယ်။ အချက်အလက်ဝေမျှမှုဟာ ၂၀၁၂ ခုနှစ် အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတစ်ခုပါ။

“အဲဒီကိစ္စကို ကုမ္ပဏီထဲမှာ တစ်ကိုယ်ရေသုံးစွဲမှု ပြဿနာတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ခြောက်နှစ်အကြာမှာတောင် အခု အစဉ်အလာ ရှိနေသေးပါတယ်။ အခုကိစ္စက သုံးစွဲသူရဲ့ သူငယ်ချင်းတွေအားလုံးရဲ့ permission တွေ disable လုပ်ထားတယ်လို့ ကွန်ဂရက်က Facebook ထွက်ဆိုချက်နဲ့ ကွဲလွဲနေပါတယ်” လို့ Facebook ရဲ့ privacy အပိုင်းကို ဦးဆောင်ခဲ့ဖူးတဲ့ ဆန်ဒီပါရာကီလက်စ်က ပြောခဲ့ပါတယ်။

ထုတ်ကုန်ထုတ်လုပ်သူတချို့ဟာ သုံးစွဲသူ အချက်အလက်တွေဖြစ်တဲ့ ဆက်ဆံရေးအခြေအနေ၊ ဘာသာရေး၊ နိုင်ငံရေးတိမ်းညွှတ်မှုနဲ့ ပွဲတွေလိုမျိုး အချက်အလက်တွေကို ရယူနိုင်လို့ New York Times ကဖော်ပြခဲ့ပါတယ်။ သုံးစွဲသူရဲ့ သူငယ်ချင်းတွေပိုင်ဆိုင်တဲ့ အချက်အလက်တွေ ဝေမျှမှုကို ပိတ်ထားရင်တောင် အချက်အလက်တွေကို ရယူနိုင်တယ်လို့ သိရပါတယ်။

စိုးထက်
Ref: BusinessInsider