ကုမၸဏီရဲ႕ ပထမဆံုး 12nm chipset ျဖစ္တဲ့ Kirin 710 ကို Huawei မိတ္ဆက္ =======

[Zawgyi]

အလယ္အလတ္တန္းစား ထုတ္ကုန္ေတြအတြက္ Huawei က မိတ္ဆက္မယ့္ ပ႐ိုဆက္ဆာသစ္ကို ေစာင့္ဆိုင္းေနတာဟာ လအတန္ၾကာရိွေနပါၿပီ။ ၿပီးခဲ့တဲ့ႏွစ္က မိတ္ဆက္ခဲ့တဲ့ Kirin 659 ကို ဖုန္းအမ်ားအျပားမွာ ထည့္သြင္းအသံုးျပဳခဲ့တဲ့ေနာက္ အခုအခါမွာ mid-range ပ႐ိုဆက္ဆာသစ္ျဖစ္တဲ့ Kirin 710 ကို Huawei က မိတ္ဆက္ေပးလိုက္ပါတယ္။

Kirin 710 ဟာ Huawei ရဲ႕ ပထမဆံုး 12nm chipset ျဖစ္ပါတယ္။ အရြယ္အစားေသးငယ္ၿပီး 16nm Kirin 659 ထက္ စြမ္းေဆာင္ရည္ပိုေကာင္းၿပီး စြမ္းအင္သံုးစြဲမႈနည္းပါးပါတယ္။ စြမ္းေဆာင္ရည္ပိုင္းအေနနဲ႔ Kirin 710 ရဲ႕ single-core စြမ္းေဆာင္ရည္ဟာ Kirin 659 ထက္ ၇၅ ရာခိုင္ႏႈန္း ပိုမိုျမင့္မားၿပီး multi-core စြမ္းေဆာင္ရည္မွာေတာ့ ၆၈ ရာခိုင္နႈန္း ပိုမိုျမင့္မားတယ္လို႔ ဆိုပါတယ္။

ဒီ chipset မွာ 2.2GHz Cortex-A73 core ေလးခုနဲ႔ 1.7GHz Cortex-A53 core ေလးလံုး ပါဝင္ပါတယ္။ GPU က ARM Mali G5 ျဖစ္ၿပီး Kirin 659 ထက္ ၁.၃ ဆ ပိုမိုေကာင္းမြန္ကာ စြမ္းအင္သံုးစြဲမႈ တစ္ဆ သက္သာပါတယ္။ ဒါ့အျပင္ LTE Cat. 12 နဲ႔ Cat.13 အျပင္ dual-SIM dual-4G VoLTE ကို ေထာက္ပံ့ေပးႏိုင္ပါတယ္။

Image signal processor နဲ႔ digital signal processor တို႔ကလည္း ပိုမိုေကာင္းမြန္လာသလို အလင္းအားနည္းတဲ့အေျခအေနေတြမွာ ကင္မရာရဲ႕စြမ္းေဆာင္ရည္ ပိုေကာင္းေအာင္ အဆင့္ျမွင့္ထားပါတယ္။ ဒါ့အျပင္ scene recognition နဲ႔ Face Unlock အတြက္ အေထာက္အပံ့လည္း ပါဝင္လာတယ္လို႔ သိရပါတယ္။

Ref: GizmoChina

-ေနာင္ေနာင္

[Unicode]

အလယ်အလတ်တန်းစား ထုတ်ကုန်တွေအတွက် Huawei က မိတ်ဆက်မယ့် ပရိုဆက်ဆာသစ်ကို စောင့်ဆိုင်းနေတာဟာ လအတန်ကြာရှိနေပါပြီ။ ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ Kirin 659 ကို ဖုန်းအများအပြားမှာ ထည့်သွင်းအသုံးပြုခဲ့တဲ့နောက် အခုအခါမှာ mid-range ပရိုဆက်ဆာသစ်ဖြစ်တဲ့ Kirin 710 ကို Huawei က မိတ်ဆက်ပေးလိုက်ပါတယ်။

Kirin 710 ဟာ Huawei ရဲ့ ပထမဆုံး 12nm chipset ဖြစ်ပါတယ်။ အရွယ်အစားသေးငယ်ပြီး 16nm Kirin 659 ထက် စွမ်းဆောင်ရည်ပိုကောင်းပြီး စွမ်းအင်သုံးစွဲမှုနည်းပါးပါတယ်။ စွမ်းဆောင်ရည်ပိုင်းအနေနဲ့ Kirin 710 ရဲ့ single-core စွမ်းဆောင်ရည်ဟာ Kirin 659 ထက် ရ၅ ရာခိုင်နှုန်း ပိုမိုမြင့်မားပြီး multi-core စွမ်းဆောင်ရည်မှာတော့ ၆၈ ရာခိုင်နှုန်း ပိုမိုမြင့်မားတယ်လို့ ဆိုပါတယ်။

ဒီ chipset မှာ 2.2GHz Cortex-A73 core လေးခုနဲ့ 1.7GHz Cortex-A53 core လေးလုံး ပါဝင်ပါတယ်။ GPU က ARM Mali G5 ဖြစ်ပြီး Kirin 659 ထက် ၁.၃ ဆ ပိုမိုကောင်းမွန်ကာ စွမ်းအင်သုံးစွဲမှု တစ်ဆ သက်သာပါတယ်။ ဒါ့အပြင် LTE Cat. 12 နဲ့ Cat.13 အပြင် dual-SIM dual-4G VoLTE ကို ထောက်ပံ့ပေးနိုင်ပါတယ်။

Image signal processor နဲ့ digital signal processor တို့ကလည်း ပိုမိုကောင်းမွန်လာသလို အလင်းအားနည်းတဲ့အခြေအနေတွေမှာ ကင်မရာရဲ့စွမ်းဆောင်ရည် ပိုကောင်းအောင် အဆင့်မြှင့်ထားပါတယ်။ ဒါ့အပြင် scene recognition နဲ့ Face Unlock အတွက် အထောက်အပံ့လည်း ပါဝင်လာတယ်လို့ သိရပါတယ်။

Ref: GizmoChina

-နောင်နောင်