ကုမၸဏီရဲ႕ ပထမဆံုး ႐ုပ္ရွင္႐ံုကို ဖြင့္လွစ္လိုက္တဲ့ iQIYI

[ Zawgyi ]

တ႐ုတ္ႏိုင္ငံရဲ႕ အႀကီးဆံုး streaming ဝန္ေဆာင္မႈျဖစ္တဲ့ iQIYI ဟာ ကိုယ္ပိုင္ ရုပ္ရွင္႐ံုတစ္ခုကို ဖြင့္လွစ္လိုက္ပါတယ္။ အဲ့ဒီ ႐ုပ္ရွင္႐ံုကို Yuke theater လို႔ေခၚဆိုၿပီး ကြမ္တံုးစီရင္စု က်ံဳးရွန္းၿမိဳ႕မွာ ဖြင့္လွစ္ထားပါတယ္။

ဒါဟာ iQIYI ရဲ႕ တ႐ုတ္ႏိုင္ငံက အထင္ကရၿမိဳ႕ႀကီးေတြမွာ ဖြင့္လွစ္သြားဖို႔ စီစဥ္ထားတဲ့ ႐ုပ္ရွင္႐ံုေတြထဲက ပထမဆံုးတစ္ခု ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္႐ံုေတြမွာ Dolby အသံစနစ္ပါဝင္ၿပီး iQIYI ရဲ႕ အြန္လိုင္း႐ုပ္ရွင္ေတြကို ျပသသြားမွာျဖစ္ပါတယ္။

ဒီအေျပာင္းအလဲဟာ ကုမၸဏီရဲ႕ အရည္အေသြးျမင့္ ႐ုပ္ရွင္ၾကည့္႐ႈတဲ့ အေတြ႕အႀကံဳကို offline သံုးစြဲသူေတြဆီ ေရာက္ရိွေစဖို႔အတြက္ အေထာက္အကူ ျဖစ္ေစလိမ့္မယ္လို႔ iQIYI ရဲ႕ စီနီယာ ဒုဥကၠ႒ျဖစ္သူ Yang Xianghua က ေျပာၾကားခဲ့ပါတယ္။

iQIYI ကို တ႐ုတ္ search engine ကုမၸဏီ Baidu က ပိုင္ဆိုင္ပါတယ္။ iQIYI ကို သံုးစြဲသူဟာ Netflix ထက္ ေလးဆနီးပါး ပိုမိုၿပီး ၂၀၁၇ စတုတၳသံုးလပတ္မွာ ၄၂၁.၃ သန္း ရိွခဲ့ပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

======

[ Unicode ]

ကုမ္ပဏီရဲ့ ပထမဆုံး ရုပ်ရှင်ရုံကို ဖွင့်လှစ်လိုက်တဲ့ iQIYI

======

တရုတ်နိုင်ငံရဲ့ အကြီးဆုံး streaming ဝန်ဆောင်မှုဖြစ်တဲ့ iQIYI ဟာ ကိုယ်ပိုင် ရုပ်ရှင်ရုံတစ်ခုကို ဖွင့်လှစ်လိုက်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ရုံကို Yuke theater လို့ခေါ်ဆိုပြီး ကွမ်တုံးစီရင်စု ကျုံးရှန်းမြို့မှာ ဖွင့်လှစ်ထားပါတယ်။

ဒါဟာ iQIYI ရဲ့ တရုတ်နိုင်ငံက အထင်ကရမြို့ကြီးတွေမှာ ဖွင့်လှစ်သွားဖို့ စီစဉ်ထားတဲ့ ရုပ်ရှင်ရုံတွေထဲက ပထမဆုံးတစ်ခု ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရုံတွေမှာ Dolby အသံစနစ်ပါဝင်ပြီး iQIYI ရဲ့ အွန်လိုင်းရုပ်ရှင်တွေကို ပြသသွားမှာဖြစ်ပါတယ်။

ဒီအပြောင်းအလဲဟာ ကုမ္ပဏီရဲ့ အရည်အသွေးမြင့် ရုပ်ရှင်ကြည့်ရှုတဲ့ အတွေ့အကြံုကို offline သုံးစွဲသူတွေဆီ ရောက်ရှိစေဖို့အတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ iQIYI ရဲ့ စီနီယာ ဒုဥက္ကဋ္ဌဖြစ်သူ Yang Xianghua က ပြောကြားခဲ့ပါတယ်။

iQIYI ကို တရုတ် search engine ကုမ္ပဏီ Baidu က ပိုင်ဆိုင်ပါတယ်။ iQIYI ကို သုံးစွဲသူဟာ Netflix ထက် လေးဆနီးပါး ပိုမိုပြီး ၂၀၁၇ စတုတ္ထသုံးလပတ်မှာ ၄၂၁.၃ သန်း ရှိခဲ့ပါတယ်။

-နောင်နောင်
Ref: TheVerge