အွန်လိုင်းမှ ကုမ္ပဏီမှတ်ပုံတင်ခြင်း သြဂုတ် ၆ ရက်တွင် ပြန်လည်အသုံးပြုနိုင်မည်

[ Zawgyi ]




-ထွန်းထွန်း

[ Unicode ]

အွန်လိုင်းကနေ ကုမ္ပဏီမှတ်ပုံတင်တဲ့စနစ်ကို သြဂုတ် ၆ ရက်မှာ ပြန်လည်အသုံးပြုနိုင်မယ်လို့ သိရ ပါတယ်။

သြဂုတ်လ ၁ ရက်နေ့မှာ MYCO မှတ်ပုံတင်စနစ် စတင်ထုတ်လွှင့် ပြီးနောက် စနစ်သို့ အများပြည်သူများ ဝင်ရောက်အသုံးပြုရာမှာ နည်းပညာဆိုင်ရာ အခက်အခဲ တွေ့ရှိရကြောင်း၊ MYCO နည်းပညာအဖွဲ့အနေနဲ့ အခက်အခဲတွေအပေါ် အချိန်မီ ပြင်ဆင် ဆောင်ရွက် နေကြောင်း သက်ဆိုင်ရာ ဝက်ဘ်ဆိုက် ကနေ ထုတ်ပြန်ထားပါတယ်။

ကုမ္ပဏီမှတ်ပုံတင် လုပ်ငန်းတွေ အရေးကြီးဆောင်ရွက်လိုရင် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ရုံးချုပ်နဲ့ နယ်ရုံးခွဲရုံးတွေရဲ့အများပြည်သူ ဝန်ဆောင်မှုပေးတဲ့ KIOSK နေရာတွေမှာ (၂-၈-၂၀၁၈၊ ၃-၈-၂၀၁၈၊ ၄-၈-၂၀၁၈) ရက်တွေမှာ ဖွင့်လှစ်ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။