ကုမၸဏီမ်ားအား အြန္လိုင္းမွ မွတ္ပံုတင္ျခင္း ၾသဂုတ္ ၁ ရက္ တြင္စတင္မည္

ကုမၸဏီေတြ မွတ္ပံုတင္ျခင္းနဲ႔ တည္ဆဲကုမၸဏီေတြ ျပန္လည္မွတ္ပံုတင္ဖို႔ အြန္လိုင္းကေန ေဆာင္ရြက္ႏိုင္ေတာ့မယ္လို႔ သိရပါတယ္။

အဲဒီေဆာင္ရြက္ခ်က္ကို ၁.၈.၂၀၁၈ ရက္နံနက္ ၉ နာရီမွာ စတင္အသံုးျပဳႏိုင္မွာျဖစ္ေၾကာင္း၊ ဒီေနရာကေန ေဆာင္ရြက္ႏိုင္မွာ ျဖစ္ေၾကာင္း ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန ကေန သိရပါတယ္။ အဲဒီ အီလက္ထေရာနစ္ မွတ္ပံုတင္စနစ္ကို အသံုးျပဳသူအေနနဲ႔ MyCO ID ဖြင့္ဖို႔ လိုအပ္မွာျဖစ္ၿပီး ဝက္ဘ္ဆိုက္ကေနတစ္ဆင့္ ေဆာင္ရြက္ရမွာျဖစ္ပါတယ္။ ကုမၸဏီ အသစ္တစ္ ခုမွတ္ပံုတင္ဖို႔ ကုမၸဏီအမ်ိဳးအစားအေပၚ မူတည္ၿပီး သတ္မွတ္ပံုစံ ေရြးခ်ယ္ရမွာျဖစ္ေၾကာင္း၊ ျပန္လည္မွတ္ပံုတင္လိုတဲ့ ကုမၸဏီတစ္ခုအတြက္ ကုမၸဏီနာမည္ကို ေရြးခ်ယ္ကာ ကုမၸဏီနဲ႔သက္ဆိုင္တဲ့ သတင္းအခ်က္အလက္ေတြကို ျဖည့္သြင္းေပးပို႔ရမွာ ျဖစ္ေၾကာင္း သိရပါတယ္။

မွတ္ပံုတင္ၿပီးေၾကာင္းကို အီးေမးလ္ဆီကို ျပန္လည္အေၾကာင္းၾကားမွာျဖစ္ၿပီး ဝက္ဘ္ဆိုက္ရဲ႕ ကုမၸဏီမ်ားရွာေဖြရန္ ေနရာမွာ ကုမၸဏီအမည္ သို႔မဟုတ္ ကုမၸဏီမွတ္ပံုတင္အမွတ္နဲ႔ စစ္ေဆးႏိုင္ေၾကာင္းသိရပါတယ္။ ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာနမွာ မွတ္ပံုတင္ထားၿပီးျဖစ္တဲ့ ကုမၸဏီေတြအားလံုး (စာရင္းရွင္းလင္းဖ်က္သိမ္းၿပီးေသာ ကုမၸဏီမ်ားမွအပ) ဟာ ၂၀၁၉ ခုႏွစ္ ဇန္နဝါ ရီ ၃၁ ရက္ေနာက္ဆံုးထားၿပီး ျပန္လည္မွတ္ပံုတင္ဖို႔ လိုအပ္ေၾကာင္း၊ အေသးစိတ္ကို ဒီေနရာမွာ ၾကည့္ရႈႏိုင္ေၾကာင္း သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

ကုမ္ပဏီတွေ မှတ်ပုံတင်ခြင်းနဲ့ တည်ဆဲကုမ္ပဏီတွေ ပြန်လည်မှတ်ပုံတင်ဖို့ အွန်လိုင်းကနေ ဆောင်ရွက်နိုင်တော့မယ်လို့ သိရပါတယ်။

အဲဒီဆောင်ရွက်ချက်ကို ၁.၈.၂၀၁၈ ရက်နံနက် ၉ နာရီမှာ စတင်အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ ဒီနေရာကနေ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ကနေ သိရပါတယ်။ အဲဒီ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ကို အသုံးပြုသူအနေနဲ့ MyCO ID ဖွင့်ဖို့ လိုအပ်မှာဖြစ်ပြီး ဝက်ဘ်ဆိုက်ကနေတစ်ဆင့် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကုမ္ပဏီ အသစ်တစ် ခုမှတ်ပုံတင်ဖို့ ကုမ္ပဏီအမျိုးအစားအပေါ် မူတည်ပြီး သတ်မှတ်ပုံစံ ရွေးချယ်ရမှာဖြစ်ကြောင်း၊ ပြန်လည်မှတ်ပုံတင်လိုတဲ့ ကုမ္ပဏီတစ်ခုအတွက် ကုမ္ပဏီနာမည်ကို ရွေးချယ်ကာ ကုမ္ပဏီနဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ဖြည့်သွင်းပေးပို့ရမှာ ဖြစ်ကြောင်း သိရပါတယ်။

မှတ်ပုံတင်ပြီးကြောင်းကို အီးမေးလ်ဆီကို ပြန်လည်အကြောင်းကြားမှာဖြစ်ပြီး ဝက်ဘ်ဆိုက်ရဲ့ ကုမ္ပဏီများရှာဖွေရန် နေရာမှာ ကုမ္ပဏီအမည် သို့မဟုတ် ကုမ္ပဏီမှတ်ပုံတင်အမှတ်နဲ့ စစ်ဆေးနိုင်ကြောင်းသိရပါတယ်။ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ထားပြီးဖြစ်တဲ့ ကုမ္ပဏီတွေအားလုံး (စာရင်းရှင်းလင်းဖျက်သိမ်းပြီးသော ကုမ္ပဏီများမှအပ) ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါ ရီ ၃၁ ရက်နောက်ဆုံးထားပြီး ပြန်လည်မှတ်ပုံတင်ဖို့ လိုအပ်ကြောင်း၊ အသေးစိတ်ကို ဒီနေရာမှာ ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။

-ထွန်းထွန်း