
၂၀၂၀ အတွင်းမှာ ကုမ္ပဏီတွေက ထုတ်ကုန်သစ်မိတ်ဆက်ဖို့ virtual ပွဲတွေ ပြုလုပ်နေကြပါတယ်။ Slack ကလည်း အွန်လိုင်းပွဲတစ်ခုနဲ့ Slack Connect ကိုမိတ်ဆက်လိုက်ပါတယ်။
Slack ဟာပွဲကို သတင်းစာရှင်းလင်းပွဲတစ်ပိုင်း စမ်းသပ်ပုံစံ လုပ်ခဲ့ပြီး ကုမ္ပဏီရဲ့ Slack Connect လုပ်ဆောင်ချက် အသေးစိတ်ကို ရှင်းပြသွားပါတယ်။ Slack Connect ဟာ ကုမ္ပဏီတွေကို ချိတ်ဆက်ပေးပြီး Slack အတွင်း ဆက်သွယ်နိုင်ပါတယ်။ အခုထုတ်ကုန်က လုပ်ငန်းချင်းဆက်သွယ်ဖို့ အသားပေးထားတဲ့အတွက် ကုမ္ပဏီတွေက အေဂျင်စီနဲ့ အခြားပြင်ပ vendor တွေနဲ့ စကားပြောတာ ပြုလုပ်နိုင်ပါတယ်။
Slack ဟာ ကုမ္ပဏီတွင်း ဆက်သွယ်နိုင်တဲ့ chat လုပ်ဆောင်ချက် အဖြစ် ကျော်ကြားပြီး အဖွဲ့လိုက် စကားပြောနိုင်ပါတယ်။ Slack Connect ကတော့ ကုမ္ပဏီအတွင်း ဆက်သွယ်ရေးကိရိယာကို အဖွဲ့အစည်းလိုက် ဆက်သွယ်နိုင်တဲ့ ထုတ်ကုန်အဖြစ် တိုးချဲ့ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ ကုမ္ပဏီအချင်းချင်း ချိတ်ဆက်ဆက်သွယ်မှုက အလွန်လုံခြုံတယ်လို့ သိရပါတယ်။
စိုးထက်
Ref: TechCrunch