
OnePlus ဟာ အိန္ဒိယ Twitter account ကနေ ကုမ္ပဏီထုတ် ပထမဆုံး fitness tracker ကိုမိတ်ဆက်ခဲ့ပါတယ်။ အဲဒီထုတ်ကုန် အမည်က OnePlus Band ဖြစ်ပြီး “ကျန်းမာကြံ့ခိုင်ရေး ရည်မှန်းချက်တွေ ရောက်အောင် အကူအညီပေးပြီး ဘဝကို ပိုမိုလွယ်ကူအောင် ဖန်တီးပေးမယ်” လို့ ကုမ္ပဏီက ပြောထားပါတယ်။ ဒါ့အပြင် OnePlus band က အိပ်စက်တာကိုလည်း ခြေရာခံနိုင်တယ်လို့ သီးခြား tweet မှာပြောထားပါတယ်။
This year, we are here to help you achieve all your fitness goals and make your life easier.#SmartEverywear
Head to the link to get notified: https://t.co/LUCWvulREa pic.twitter.com/ynLzgyFxku
— OnePlus India (@OnePlus_IN) January 4, 2021
OnePlus ရဲ့ tweet မှာပါတဲ့လင့်ခ်က Amazon India ကိုရောက်သွားပြီး အချိန်နဲ့တစ်ပြေးညီ နှလုံးခုန်နှုန်းကိုလည်း ခြေရာခံနိုင်တယ်လို့ ရေးသားထားပါတယ်။ Ishan Agarwal ရဲ့ tweet တစ်ခုမှာတော့ OnePlus Band အသေးစိတ် အချက်အလက်တွေကို ဖော်ပြခဲ့ပါတယ်။ သတင်းအချက်အလက် ဖော်ထုတ်သူ အချက်အလက်အရ OnePlus Band ဟာ ၂၄ နာရီ/ တစ်ပတ်တာလုံး နှလုံးခုန်နှုန်း တိုင်းတာပေးသလို သွေးအောက်ဆီဂျင်၊ အိပ်တာကိုလည်း တိုင်းတာပေးကာ အားကစား mode ၁၃ ခု ပါဝင်လာပါတယ်။
Exclusive: This is the OnePlus Band.#OnePlus #OnePlusBand pic.twitter.com/JxYoSMxxTn
— Mukul Sharma (@stufflistings) December 31, 2020
မျက်နှာပြင် ၁.၁ လက်မ OLED display နဲ့ IP68 ရေစိုခံနိုင်ပြီး ဘက်ထရီ ၁၄ ရက်အထိ အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းက ၃၅ ဒေါ်လာ ကျသင့်ကာ တစ်ပတ်အတွင်း အိန္ဒိယမှာ ရောင်းချပါမယ်။
-စိုးထက်
Ref: TheVerge
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««