ကုန်သွယ်ရေးဦးစီးဌာန ၏ အွန်လိုင်း (CO) လျှောက်ထားမှုစနစ် ယာယီရပ်နားမည်

ကုန်သွယ်ရေးဦးစီးဌာနရဲ့ အွန်လိုင်း (CO) လျှောက်ထားမှုစနစ် ယာယီရပ်နားမယ်လို့ သိရပါတယ်။

အွန်လိုင်း (CO) လျှောက်ထားမှုစနစ် https://onlineco.myanmartradenet.com/ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ယာယီရပ်ဆိုင်းထားမှာဖြစ်တယ်လို့ သိရပါတယ်။ ကုန်သွယ်ရေးဦးစီးဌာန အနေနဲ့ အကောက်ခွန်သက်သာခွင့် အတွက် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် (Certificate of Origin – CO form) လျှောက်ထားမှုတွေကို အွန်လိုင်းစနစ်နဲ့ ထုတ်ပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစတင်ကာ Form AJ, Form Ak, Form AANZ, Form AHK အစရှိတဲ့ ဖောင် ၄ မျိုးကို Electronic Signature နဲ့ ပြောင်းလဲ ထုတ်ပေးဆောင်ရွက်သွားမှာ ဖြစ်ပြီး Form D အား အာဆီယံနိုင်ငံများ အချင်းချင်း Electronic Data Exchange လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

လုပ်ငန်းစတင်နိုင်ရေးအတွက် လိုအပ်တဲ့စနစ် ပြင်ဆင်မှုလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ အတွက် ယခုလို ရပ်ဆိုင်းခြင်းဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««