ကီနိုရှာ သေနတ်သမား အမည်ရှာဖွေမှုကို Facebook ပိတ်ပင်

အင်္ဂါနေ့က ဝစ်ကွန်ဆင်ပြည်နယ်၊ ကီနိုရှာမြို့အတွင်းက ဆန္ဒပြသူ ၂ ဦး ကို ပစ်ခတ်ခဲ့ရာမှာ တာဝန်ရှိတဲ့ သေနတ်သမား “Kyle Rittenhouse” အမည်ရှာဖွေမှုကို ပိတ်ပင်ထားပါတယ်။ အမည်ရှာဖွေမှုကို ပိတ်ပင်တာကို တိုက်ရိုက်စမ်းသပ်နေတယ်လို့ The Verge ကအတည်ပြုခဲ့ပါတယ်။

Rittenhouse ဟာ ဗုဒ္ဓဟူးနေ့က ရှာဖွေ၊ ဖမ်းဆီးခံခဲ့ရပါတယ်။ Facebook ကတော့ သူ့ profile ကိုဖယ်ရှားပြီး သုံးစွဲသူတွေက သူ့နာမည်နဲ့ profile အသစ်ဖန်တီးမှုကိုလည်း ပိတ်ပင်ထားပါတယ်။ Rittenhouse ဆိုတဲ့အမည်နဲ့ သတင်းမှားတွေ ဖြန့်ချိမှုကို စိုးရိမ်တာကြောင့် Facebook ကပိတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း Rittenhouse အမည်ကို ရှာဖွေမှုက အလွန်အမင်း မြင့်တက်လာပါတယ်။ လူတွေက တိုက်ခိုက်မှုအသေးစိတ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားကြတာဖြစ်ပါတယ်။

Facebook အနေနဲ့ Rittenhouse အကြောင်း post လုပ်တာနဲ့ ဝေမျှတာကို မကန့်သတ်ပေးမယ့် search ထဲမှာ ရှာဖွေမှုကို ကန့်သတ်လိုက်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««