ကိုရီးယားနိုင်ငံအတွက် KlaytnPhone blockchain Galaxy Note10 5G နဲ့ Note10+ 5G ကို Samsung မိတ်ဆက်ခဲ့

Samsung Note10 ထုတ်ကုန်တွေကို ပြီးခဲ့တဲ့လက မိတ်ဆက်ခဲ့ပါတယ်။ အခုအခါမှာတော့ Samsung က တောင်ကိုရီးယားရဲ့ Klaytn blockchain platform နဲ့ပူးပေါင်းပြီး တောင်ကိုရီးယားအတွက် Note10 5G နဲ့ Note10+ 5G KlaytPhone အထူးဗားရှင်းသစ်ကို မိတ်ဆက်ခဲ့ပါတယ်။

ထုတ်ကုန်သစ်တွေက မူလထုတ်ကုန်တွေနဲ့ တူပေမယ့် crypto wallet နဲ့ blockchain app တွေ ပါဝင်လာပါတယ်။ ဒါ့အပြင် Klaytn Note10s ဝယ်ယူသူတွေက kakao ထောက်ပံ့တဲ့ကုမ္ပဏီ cryptocurrency ဖြစ်တဲ့ Klay တိုကင် ၂,၀၀၀ ရရှိမှာ ဖြစ်ပါတယ်။

အခြား Android ဖုန်းတွေလည်း Klaytn blockchain app တွေကိုသုံးနိုင်ပေမယ့် platform ရဲ့တိုးချဲ့ ငွေလွှဲပြောင်း feature တွေက Note10s မှာပဲ ပါဝင်လာမှာ ဖြစ်ပါတယ်။ အခြားသီးသန့် feature ကတော့ Samsung Blockchain Keystore ဖြစ်ပြီး သုံးစွဲသူက ဖုန်းပေါ်ကနေ key storage အချက်အလက်နဲ့ တိုးချဲ့ blockchain ငွေအလွှဲအပြောင်းတွေကို တိုက်ရိုက်စီမံခန့်ခွဲနိုင်ပါတယ်။

ဖုန်းနှစ်မျိုးစလုံးကို KlaytnPhone ဝက်ဘ်ဆိုက်မှာ ရောင်းချနေပါတယ်။ Klantn Note10 5G ကိုဒေါ်လာ ၁,၀၄၈ ၊ Note10+5G အတွက် 256GB storage ဗားရှင်းကို ဒေါ်လာ ၁,၁၇၃ နဲ့ 512GB မော်ဒယ်ကိုတော့ ဒေါ်လာ ၁,၂၅၆ နဲ့ အသီးသီးရောင်းချသွားမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena