ကိုရိုနာဗိုင်းရပ်စ် hackathon ပြုလုပ်ဖို့ WHO နှင့်အတူ Facebook နဲ့ Microsoft ပူးပေါင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ဆက်စပ်တဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ software ဖန်တီးရန် hackathon ပြုလုပ်ဖို့ Facebook, Microsoft အပြင် အခြားနည်းပညာကုမ္ပဏီတွေနဲ့ ပူးပေါင်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်က #BuildfromCOVID19 hackathon အစီအစဉ်ကိုကြေညာခဲ့ပြီး စီမံကိန်းလျှောက်လွှာတွေကို စတင်လက်ခံနေပါပြီ။ Facebok , Microsoft နဲ့အတူ Twitter, WeChat, TikTok, Pinterest, Slack နဲ့ Giphy တို့လည်း ပူးပေါင်းပါဝင်နေကြပါတယ်။ နည်းပညာကုမ္ပဏီတွေက လျှောက်လွှာလက်ခံမှုအတွင်း ပူးပေါင်းပါဝင်သူတွေ ထောက်ပံ့ဖို့ ရင်းမြစ်တွေ ဝေမျှသွားပါမယ်။

Facebook အနေနဲ့ hackathon တွေမှာ ပထမဆုံးတည်ဆောက်ထားတဲ့ Blood Donations နဲ့ Crisis Response တို့ကို ကမ္ဘာတစ်ဝန်းက လူပေါင်းများစွာ အသုံးပြုနေကြတယ်လို့ hackathon အကြောင်း လှုံ့ဆော်မှုအတွင်း Facebook စီအီးအို မာ့ခ်ဇူကာဘတ်ကရေးသားခဲ့ပါတယ်။ “အခု hackathon ပွဲမှာ အသုံးဝင်တဲ့ ရှေ့ပြေးပုံစံတွေနဲ့ စိတ်ကူးတွေ ထွက်ပေါ်လာယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

အခု hackathon က ကျန်းမာရေး၊ အားနည်းချက်ရဲ့ လူဦးရေ အရေအတွက်၊ လုပ်ငန်း၊ လူမှုအသိုက်အဝန်း၊ ပညာရေးနဲ့ ဖျော်ဖြေရေးကို အသားပေးတဲ့ စီမံကိန်းတွေ တည်ဆောက်ဖို့ software developer တွေကို အားပေးတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။

လျှောက်လွှာနောက်ဆုံးတင်ရမယ့် ရက်ကတော့ မတ် ၃၀ရက်အထိပဲ ဖြစ်ပါတယ်။ ဧပြီ ၃ ရက်မှာ ထိပ်တန်းစီမံကိန်းတွေကို ထုတ်ပြန်ကြေညာသွားပါမယ်။

စိုးထက်
Ref: CNBC