ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်စင်တာကို Facebook မိတ်ဆက်

COVID-19 နဲ့ ပတ်သက်တဲ့ နောက်ဆုံးရသတင်းနဲ့ အချက်အလက်တွေ အပါအဝင် ကိုယ့်မိသားစုနဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတစ်ခုလုံး ကျန်းမာစွာနေထိုင်နိုင်ဖို့ နည်းလမ်းနဲ့ အကြံပြုချက်တွေပါဝင်တဲ့ ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်တွေပါ ဖတ်ရှုနိုင်မယ့် ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်စင်တာ (Coronavirus (COVID-19) Information Center) ကို Facebook က ဧပြီ ၇ ရက် (ယနေ့) မိတ်ဆက်လိုက်ပါတယ်။

ဒီသတင်းအချက်အလက်စင်တာမှာဆိုရင်တော့ COVID-19 နဲ့ပတ်သက်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းများက ထုတ်ပြန်ထားတဲ့ နောက်ဆုံးရသတင်းတွေနဲ့ လမ်းညွှန်မှုတွေကို ဘာသာစကားပေါင်း ၄၀ ကျော်နဲ့ တစ်နေရာထဲမှာ တွေ့ရှိရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာ ကျန်းမာရေး တာဝန်ရှိအဖွဲ့အစည်းတွေ ဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) နဲ့ UNICEF တို့ကရတဲ့ နောက်ဆုံးရသတင်းတွေလည်း ပါရှိမှာဖြစ်ပါတယ်။

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့ပတ်သက်ပြီး ကာကွယ်ရေးအတွက် လိုက်နာသင့်တဲ့ နည်းလမ်းကောင်းများနဲ့ နေထိုင်မကောင်းတဲ့အခါမှာ ဘာတွေပြုလုပ်သင့်လဲဆိုတာတို့ ပါဝင်မှာဖြစ်ပြီး တွေ့ဆုံဆက်ဆံမှု လျှော့ချခြင်း၊ (social distancing) လိုက်နာကျင့်သုံးချိန်မှာ တစ်ဦးနဲ့ တစ်ဦး အဆက်အသွယ်မပြတ်အောင် နေထိုင်နိုင်ဖို့ အကြံပေးချက်တွေလည်း ပါဝင်ပါတယ်။

COVID-19 သတင်းအချက်အလက်စင်တာကို စောင့်ကြည့်ခြင်းအားဖြင့် ပြည်တွင်းရှိ ကျန်းမာရေး အဖွဲ့အစည်းများကနေ နောက်ဆုံးရ သတင်းတွေ ထုတ်ပြန်တဲ့အခါ အသိပေးချက်တွေ (notifications) ရရှိသွားမှာ ဖြစ်သလို ကိုယ့်ရဲ့သတင်းစဉ် (News Feed) မှာလည်း အချိန်နဲ့တစ်ပြေးညီ တွေ့မြင်နိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ အချက်အလက်စင်တာ Facebook page ကို Facebook Search မှ ရှာဖွေကြည့်ရှုနိုင်မှာဖြစ်သလို ဖော်ပြပါ လင့်ခ် http://tiny.cc/u48lmz မှတစ်ဆင့် သွားရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း