ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက် ဝက်ဘ်ဆိုက်ကို ဖြန့်ချိဖို့ Google ကြန့်ကြာနေ

Google ဟာ ကိုရိုနာသတင်းအချက်အလက်ဝက်ဘ်ဆိုက်ကို ဒီတစ်ပတ်နှောင်းပိုင်း ဖြန့်ချိဖို့ စီစဉ်ထားပေမယ့် နှောင့်နှေးနိုင်တယ်လို့ သိရပါတယ်။ Google ဟာ ပြီးခဲ့တဲ့အပတ်အထိ ဝက်ဘ်ဆိုက်ကို ဖြန့်ချိဖို့ အစီအစဉ် မရှိသေးပါဘူး။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Google ကိုရိုနာဗိုင်းရပ်စ်ဝက်ဘ်ဆိုက်ဟာ ရောဂါလက္ခဏာတွေကြည့်ရှုတာ၊ စမ်းသပ်မှုကို စီစဉ်ပေးတာနဲ့ စမ်းသပ်မှုရလဒ်တွေယူတာတွေ ပြုလုပ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ Alphabet ကုမ္ပဏီခွဲ၊ Google ရဲ့ညီအမဝက်ဘ်ဆိုက် Verily ကပြုလုပ်မယ့် စီမံကိန်းပဲဖြစ်ပါတယ်။ အဲဒီပြောကြားချက်ကြောင့် ဒေါ်နယ်ထရမ့်၊ Google နဲ့ သတင်းမီဒီယာတွေအကြား အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကုမ္ပဏီအနေနဲ့ သတင်းအချက်အလက်ဆိုက် feature တွေကို ဖြည့်သွင်းဖို့ အချိန်ယူရမယ်လို့ Google ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ Google အနေနဲ့ ကိုရိုနာသတင်းအချက်အလက် ထောက်ပံ့ရေးဝက်ဘ်ဆိုက်မှာ ခိုလှုံနိုင်မယ့်နေရာကို ဖုန်းခေါ်ဆိုနိုင်မယ့် အရာလိုမျိုး သတင်းအချက်အလက်သစ်တွေ ထည့်လိုပါတယ်။ အိမ်ဖြူတော်က ကတိပြုထားသလိုမျိုး Google ရဲ့ ဝက်ဘ်ဆိုက်က အလွန်အမင်း ပြည့်စုံပြီး နိုင်ငံတစ်ခုလုံးကို လွှမ်းခြုံနိုင်ဖွယ်မရှိပါဘူး။

အခုဝက်ဘ်ဆိုက်မှာ အမေရိကန်ကလူတွေအတွက် ရောဂါစစ်ဆေးတာနဲ့ စမ်းသပ်တာ အပါအဝင် တရားဝင်သတင်းအချက်အလက်တွေ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Google ဝက်ဘ်ဆိုက်က စမ်းသပ်ရေး tool ကတော့ CDC အဖွဲ့အစည်းနဲ့ချိတ်ဆက်ထားပါတယ်။ ရောဂါစမ်းသပ်မှု ဝက်ဘ်ဆိုက်တွေ ထွက်ပေါ်လာတာနဲ့ Google Maps အပါအဝင် အခြားထုတ်ကုန်တွေနဲ့ ဝက်ဘ်ဆိုက်မှာ တရားဝင် သတင်းအချက်အလက်တွေ ပါဝင်လာမယ်လို့ Google ကပြောခဲ့ပါတယ်။

စိုးထက်
Ref: TheVerge